ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲ တက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း များလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင် ရွက်နိုင်စေရန်၊   ကွန်ပျူတာကို စနစ်တကျ နားလည်တတ်ကျွမ်း စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန်  နှင့် ကွန်ပျူတာနှင့်ပတ်သက်သည့်  ဗဟုသုတများ ပိုမိုသိရှိနားလည် နိုင်စေရန် ရည်ရွယ်၍  “အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၁)သင်တန်းဆင်းပွဲအခမ်း အနား” ကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်   အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall) ၌ကျင်းပ ရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန       ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာ စကား ပြောကြားသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး က သင်တန်းသားများကိုယ်စား  သင်တန်းသား၊ သင်တန်းသူ နှစ်ဦး ကို     သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင် သင်ခန်းစာများအား သင်ကြားပို့ချ  ပေးခဲ့သည့် သင်တန်းနည်းပြဆရာ၊ ဆရာမ သုံးဦးအား ဂုဏ်ပြုလက် ဆောင်များ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၂ ခုနှစ်  (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် အားကစားပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ      အားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသော  လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ် များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနအသင်းနှင့်     သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန   အသင်း၊      နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနအသင်း၊ အားကစား နှင့်  လူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့်  သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေ မှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်