ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရခိုင်ပြည်နယ်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ

 

နေပြည်တော် ဇွန် ၁၇ 
စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းသည် ဇွန် ၁၅ ရက် နံနက်ပိုင်း က စစ်တွေမြို့ရှိ ပြည်နယ်ရသုံး မှန်းခြေ   ငွေစာရင်းဦးစီးဌာနရုံး၌ စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ရခိုင်ပြည်နယ်    တာဝန်ခံ ညွှန်ကြားရေးမှူးများ၊    ဒုတိယ အထွေထွေ   မန်နေဂျာများနှင့် တွေ့ဆုံ၍   မိုခါမုန်တိုင်းဒဏ် ကြောင့် ဌာနဆိုင်ရာအဆောက် အအုံများ ထိခိုက်ပျက်စီးမှု၊ ဝန်ထမ်း အိမ်ရာများ၊ ဝန်ထမ်းမိသားစုပိုင် အိမ်ရာများ   ထိခိုက်ပျက်စီးမှု အခြေအနေ၊    ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှု  အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်   စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
ကူညီပံ့ပိုးဆောင်ရွက်မည်
အဆိုပါ  ထိခိုက်ပျက်စီးမှုများ နှင့် စပ်လျဉ်း၍   ဒုတိယဝန်ကြီး က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ် ဘဏ္ဍာရန်ပုံငွေတို့မှ   ဘဏ္ဍာရေး စည်းမျဉ်း    လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာအသုံးစရိတ် ခေါင်းစဉ်မှ သုံးစွဲခြင်း၊ ရန်ပုံငွေလွှဲ ပြောင်းသုံးစွဲခြင်း၊    အရေးပေါ် ရန်ပုံငွေမှ တောင်းခံခြင်း၊ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထည့် သွင်းတင်ပြ   တောင်းခံခြင်းတို့ ဖြင့်   ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ထမ်းများအတွက်     ကူညီ ထောက်ပံ့ငွေများကို ဝန်ကြီးဌာနရှိ ဌာနအားလုံးမှ   စုပေါင်းလှူဒါန်း ငွေကျပ် ၂၀၆ သိန်းဖြင့် ကူညီပံ့ပိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြော ကြားသည်။ 
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ရုံးဌာနအဆောက်အအုံများပျက်စီးမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ 
စီမံကိန်းနှင့်    ဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့်   မုန်တိုင်း ဒဏ်သင့်ခဲ့သည့်   မြို့နယ်   ၁၇ မြို့နယ်အတွင်း ဌာနပိုင်နှင့် ဝန်ထမ်း မိသားစုပိုင်    အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရေ၊ မီး၊ တိရစ္ဆာန် စသည်ဖြင့် ထိခိုက်ပျက်စီးမှုတန်ဖိုး  ငွေကျပ်သန်း  ၂၂၀၀  ခန့်   ရှိခဲ့ ကြောင်း သိရသည်။   သတင်းစဉ်