ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဘဏ်လုပ်ငန်းနှင့် အကောက်ခွန်လုပ်ငန်းဆိုင်ရာ ဆွေးနွေး

နေပြည်တော်  ဇူလိုင်  ၂၅

 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ် နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဌာနအကြီးအကဲများနှင့် Virtual စနစ်ဖြင့် တွေ့ဆုံ၍ အများပြည်သူရုံးပိတ်ရက် ဆက်လက်ကြေညာထား သည့်ကာလအတွင်း ဆောင်ရွက်ရမည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့်   အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးသည်။

 


ရှင်းလင်းတင်ပြ

 


ဆွေးနွေးစဉ်  အများပြည်သူရုံးပိတ်ရက်အဖြစ် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ကြေညာထား စဉ်ကာလအတွင်း အစိုးရဘဏ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ဘဏ်ဖွင့်ချိန်ကာလအတိုင်း  ဘဏ် ဝန်ဆောင်မှုများဆောင်ရွက်ပေးသွားရေး၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး၊  ဆက်စပ်ဆေးနှင့် ဆေး ကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ၊ အခြားဆေးနှင့် ဆေးပစ္စည်းများ၊ အရေးကြီး မရှိမဖြစ်ကုန်ပစ္စည်းတို့ကို လွယ်ကူလျင်မြန်ချောမွေ့စွာ   စစ်ဆေးထုတ်ပေးနိုင် ရေး၊  ဘဏ်ဝန်ထမ်းများအနေဖြင့်  ရောဂါကာကွယ် ထိန်းချုပ်ရေးစည်းကမ်းများနှင့်အညီ   နေထိုင်ရေး၊ ဘဏ်သို့လာရောက်သူ ပြည်သူများကိုလည်း ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊   ထိန်းချုပ်ရေးနည်းလမ်းများ အတိုင်း လိုက်နာစေရေး၊ ပင်စင်လစာများ၊ ဌာနဆိုင်ရာ လစာများ  စနစ်တကျထုတ်ပေးနိုင်ရေးကိစ္စ၊  ဌာန ဆိုင်ရာ  ငွေထုတ်ငွေသွင်း၊  ကုမ္ပဏီများ  ငွေထုတ် ငွေသွင်း၊ ဘဏ်စာရင်းပြောင်း၊  ငွေလွှဲကိစ္စများတွင် လူစုလူဝေးဖြစ်ပေါ်မှုကို  ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်စီမံပြင်ဆင်ရေး၊  စိုက်ပျိုးစရိတ် ချေးငွေကြွေး ဟောင်းပြေကျေပြီးသူ  တောင်သူများသို့  စိုက်ပျိုး စရိတ် ချေးငွေသစ်ထုတ်ပေးရေး၊ ပြည်ပပို့ကုန်/ သွင်း ကုန်များအတွက်  နိုင်ငံခြားငွေရရှိ၊   ထုတ်ပေးခြင်း ကိစ္စများနှင့်ပတ်သက်၍         သက်ဆိုင်ရာဌာန အကြီးအကဲများ၏ စီမံထားရှိမှုများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက  လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး  ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 


 သတင်းစဉ်