
နေပြည်တော် ဇူလိုင် ၂၅
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် အကောက်ခွန်ဦးစီးဌာန တို့မှ ဌာနအကြီးအကဲများနှင့် Virtual စနစ်ဖြင့် တွေ့ဆုံ၍ အများပြည်သူရုံးပိတ်ရက် ဆက်လက် ကြေညာထားသည့် ကာလအတွင်း ဆောင်ရွက် ရမည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများနှင့် အကောက် ခွန် ရှင်းလင်းရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေး သည်။
ဆွေးနွေးစဉ် အများပြည်သူရုံးပိတ်ရက်အဖြစ် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ကြေညာထားစဉ် ကာလအတွင်း အစိုးရဘဏ်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ဘဏ်ဖွင့်ချိန်ကာလအတိုင်း ဘဏ် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ ဆက်စပ်ဆေးနှင့် ဆေး ကိရိယာ၊ အသုံးအဆောင်ပစ္စည်းများ၊ အခြားဆေးနှင့် ဆေးပစ္စည်းများ၊ အရေးကြီး မရှိမဖြစ် ကုန်ပစ္စည်းများ တို့ကို လွယ်ကူလျင်မြန်ချောမွေ့စွာ စစ်ဆေးထုတ်ပေး နိုင်ရေး၊ ဘဏ်ဝန်ထမ်းများအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ နေထိုင်ရေး၊ ဘဏ်သို့လာရောက်သူ ပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများ အတိုင်း လိုက်နာစေရေး၊ ပင်စင်လစာများ၊ ဌာန ဆိုင်ရာ လစာများ စနစ်တကျထုတ်ပေးနိုင်ရေး၊ ဌာနဆိုင်ရာ ငွေထုတ်ငွေသွင်း၊ ကုမ္ပဏီများ ငွေထုတ် ငွေသွင်း၊ ဘဏ်စာရင်းပြောင်း၊ ငွေလွှဲကိစ္စများတွင် လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်ရေးအတွက် ကြိုတင်စီမံပြင်ဆင်ရေး၊ စိုက်ပျိုးစရိတ် ချေးငွေကြွေး ဟောင်းပြေကြေပြီးသူ တောင်သူများသို့ စိုက်ပျိုး စရိတ်ချေးငွေသစ် ထုတ်ပေးရေး၊ ပြည်ပပို့ကုန်/ သွင်းကုန်များအတွက် နိုင်ငံခြားငွေရရှိ၊ ထုတ်ပေးခြင်း ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအကြီး အကဲများ၏ စီမံထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြား ပြီး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်