
နေပြည်တော် မတ် ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦး ဦးဆောင်၍ စီမံကိန်းနှင့် စီမံရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ အုပ်ချုပ်ရေး အရာရှိများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများ နှင့် အရာထမ်း၊ အမှုထမ်း လူပျို ဆောင်/ အပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ထုတ်ပြန်ထားသည့် နေထိုင်မှုစည်းကမ်းချက်များနှင့် အညီ လိုက်နာနေထိုင်ရေး၊ အိမ်ရာ တိုက်ခန်း၊ အဆောင်အခန်းများ၏ အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ရေး၊ နိုင်ငံတော်ပိုင် အိမ်ရာတိုက်ခန်း၊ အဆောင်အခန်း များ ရေရှည်ခိုင်ခံ့နိုင်ရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ရေး၊ ပေါ့လျော့မှုကြောင့် ပျက်စီး ချို့ယွင်းမှုများကို မိမိအစီအစဉ် ဖြင့် ပြင်ဆင်ရေး၊ သဘာဝဘေးနှင့် နှစ်ကာလကြာမှုကြောင့် အကြီး စား ပျက်စီးမှုများရှိပါက သတင်းပို့ တင်ပြရေးနှင့် အိမ်ရာတိုက်များ၊ အဆောင်များ၏ အဆောက်အဦ များနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား အလင်းဖွင့် ရှင်းလင်းရေးတို့ကို မှာကြားခဲ့ သည်။ သတင်းစဉ်