ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၉


နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး     ဦးကျော်မျိုးထွဋ်သည်   မြန်မာနိုင်ငံသို့    ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး        ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ ၏        အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သော  ကိုယ်စား လှယ်အဖွဲ့ကို ယနေ့နံနက် ၁၁ နာရီ ခွဲတွင်  နေပြည်တော်ရှိ နိုင်ငံခြား ရေးဝန်ကြီးဌာနတွင်       လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏  အာဆီယံ ဥက္ကဋ္ဌအနေဖြင့်  အာဆီယံ၏တူညီ ဆန္ဒ  ၅  ချက်   အကောင်အထည် ဖော်ရေးနှင့်        စပ်လျဉ်း၍ မြန်မာနိုင်ငံကို       အစဉ်တစိုက် အကူအညီ    ပေးနေမှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊  မမျှော် မှန်းနိုင်သည့်    အခက်အခဲများ ကြောင့်   အာဆီယံ၏တူညီဆန္ဒ ၅ ချက်ကို   အကောင်အထည် ဖော်သည့်   လုပ်ငန်းစဉ်အတွက် လုံလောက်သည့်  အချိန်လိုအပ်ပါ ကြောင်းနှင့်    ထိရောက်သော တိုးတက်မှုများ   ပေါ်ထွက်လာ စေရန်  လုပ်ငန်းစဉ်အားလုံးသည် လက်တွေ့ကျရန်        လိုအပ်ပါ ကြောင်း ပြောကြားသည်။

 

  H.E. Dr. KUNG Phoak    က  ကမ္ဘော ဒီးယားနိုင်ငံအနေဖြင့်        မြန်မာ အစိုးရနှင့် ပူးပေါင်း၍  အာဆီယံ၏ တူညီဆန္ဒ   ၅ ချက်  အကောင် အထည်ဖော်ရာတွင်    ဆက်လက် ကူညီပံ့ပိုးသွားမည်    ဖြစ်ကြောင်း ပြောကြားသည်။


သတင်းစဉ်