ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော် ဒီဇင်ဘာ ၂၇ 
သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့်    နေပြည်တော် ကောင်စီအဖွဲ့ဝင်    ဦးမြင့်စိုးတို့ သည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ    နေပြည် တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည် တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံ ကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူတော်မူသော    ဆရာတော် ရှစ်ပါးနှင့်    သီလရှင်ဆရာကြီး တစ်ပါးတို့ကို သွားရောက်အားပေး ကြည်ညိုခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်   နေပြည် တော်ကောင်စီ   အဖွဲ့ဝင်တို့သည်  နေပြည်တော်ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးတွင်    ကျန်းမာရေး စစ်ဆေးမှု (Medical Checkup) ခံယူတော်မူသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး နှစ်ပါး၊ နေပြည်တော်တိုင်း သံဃ နာယကဆရာတော်ကြီး တစ်ပါး၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး နှစ်ပါး၊      နေပြည်တော်တိုင်း ဘုန်းတော်ကြီးပညာသင်ကြားမှု ကြီးကြပ်ရေး ဆရာတော် တစ်ပါး၊ စုစုပေါင်းဆရာတော်ကြီး ခြောက် ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါး တို့အား     သွားရောက်ဖူးမြော် ကြည်ညို၍    ဆရာတော်ကြီးများ ၏   ကျန်းမာရေးစစ်ဆေးပေးမှု အတွက်   တာဝန်ရှိသူများအား လိုအပ်သည်များ ကူညီစောင့်ရှောက် ပေးရန် မှာကြားသည်။
ဆေးစစ်ရန်   ဆရာတော်ကြီး များအနက် ဆရာတော်ကြီး နှစ်ပါး သည် ဆေးရုံသို့ လာရောက်နိုင်ခြင်း မရှိသဖြင့် အဆိုပါဆရာတော်ကြီး များအား   မိမိတို့ကျောင်းတိုက်၌ သီးခြားရက်ချိန်းဖြင့် ကျန်းမာရေး စစ်ဆေးမှု  (Medical Checkup) ပြုလုပ်ပေးသွားမည်ဖြစ်သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ကျန်းမာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သံဃာ့ အဖွဲ့အစည်းဝင်  ဆရာတော်ကြီး များ၊ ထေရ်ကြီးဝါကြီးဆရာတော် ကြီးများနှင့် သီလရှင်ဆရာကြီးများ အား  တစ်နှစ်လျှင်    အနည်းဆုံး တစ်ကြိမ်    အခမဲ့ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်