ဒုတိယဝန်ကြီး ဦးအေးထွန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ  အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

 

ရန်ကုန်  အောက်တိုဘာ   ၂၀


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့ တောင် အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence  Metropolitan  Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေး


ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ တွင်   ဆောက်လုပ်မည့်   ရုရှားအော်သိုဒေါ့ဘုရား ကျောင်းအဆောက်အအုံ     ဆောက်လုပ်ရန်ကိစ္စ၊ စိန့်ပီတာစဘတ်မြို့တွင်   မြန်မာယဉ်ကျေးမှုစင်တာ အတွက်    မြေနေရာရရှိရန်   ဆောင်ရွက်ပေးရေးနှင့် မြန်မာနှင့်    ရုရှားနှစ်နိုင်ငံအကြား     ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ      ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို      ရင်းနှီးပွင့်လင်းစွာ      ဆွေးနွေး ကြသည်။


တက်ရောက်


တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန   သာသနာရေးဦးစီးဌာနမှ   ဒုတိယညွှန်ကြား ရေးမှူးချုပ်၊   အပြည်ပြည်ဆိုင်ရာ   ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ ရန်ကုန်တိုင်းသာသနာရေးမှူးနှင့်   တာဝန်ရှိသူများ တက်ရောက်ကြသည်။      

              
သတင်းစဉ်