
စစ်တွေ ဇွန် ၂၉
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ် ကြောင့် ပျက်စီးသွားသည့် စစ်တွေ မြို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ် အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ် အတွင်းနှင့် အမှတ် (၃၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတို့၌ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တက္ကသိုလ် ကျောင်းဆောင်အတွင်း လျှပ်စစ် သွယ်တန်းထားရှိမှုတို့ကို လည်း ကောင်း၊ စစ်တွေဂေါက်ကွင်းနှင့် ရခိုင်ပြည်နယ် လွှတ်တော်ရုံး အတွင်းရှိ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်နေ မှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်မြောက် ပိုင်းဒေသအတွင်းရှိ မုန်တိုင်းဒဏ် ကြောင့် ပျက်စီးသွားသည့် ဓာတ် အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် အားသွန်ခွန် စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ မင်းပြားမြို့နှင့် မြေပုံမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အချို့ကို ဓာတ်အားစနစ်မှ ဓာတ် အား ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရခိုင် ပြည်နယ် လွှတ်တော်ရုံးအတွင်းရှိ ၁၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတို့ မှတစ်ဆင့် ပြည်နယ်လွှတ်တော်သို့ ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီဖြစ် သည်။ ကျန်ရှိနေသည့် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ် အားလိုင်း ပြန်လည်တည် ဆောက်ခြင်းလုပ်ငန်း ၇၂ ရာခိုင်နှုန်း ခန့်၊ ၆၆ ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်းပြန် လည်တည်ဆောက်ခြင်း လုပ်ငန်း ၆၅ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးရွာ ဓာတ်အားလိုင်းများ ပြန်လည် ပြုပြင် ဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရမည့် ကျေးရွာ စုစု ပေါင်း ၃၂၇ ရွာရှိ သည့်အနက် ဆောင်ရွက်ပြီး ကျေးရွာ ၇၉ ရွာ၊ ဆောင်ရွက်ဆဲ ကျေးရွာ ၄၉ ရွာ ဖြစ်ကာ စုစုပေါင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးမှု ၄၉ ဒသမ ၃၅ ရာခိုင် နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ် သည်။ စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်၊ ဌာနဆိုင်ရာရုံးများ ဓာတ်အားရရှိ ရေးအတွက် ဆောင်ရွက်ခဲ့ရာ စစ်တွေတက္ကသိုလ်ကို ဇွန် ၁၀ ရက် တွင် လည်းကောင်း၊ ကွန်ပျူတာ တက္ကသိုလ်ကို ဇွန် ၁၂ ရက်တွင် လည်းကောင်း၊ နည်းပညာအထက် တန်းကျောင်းကို ဇွန် ၂၀ ရက်တွင် လည်းကောင်း၊ နည်းပညာ တက္ကသိုလ်ကို ဇွန် ၂၂ ရက်တွင် လည်းကောင်း၊ အမှတ် (၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို ဇွန် ၂၆ ရက် တွင်လည်းကောင်း ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်