ဒုတိယဝန်ကြီး ဦးအေးကျော် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း၌ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် (၇၆)   နှစ်မြောက်   လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။ 
ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  နေပြည်တော် ပြည်ထောင်စုနယ်မြေ၌ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စည်ပင် ရိပ်သာ(၁)သို့ ဓာတ်အားပေးထားမှုနှင့်  အရန်ဓာတ်အား ပေးစက်များ     နေရာချထားရှိမှုကို     စစ်ဆေးပြီး စမ်းသပ်မောင်းနှင် စစ်ဆေးသည်။  
ဆက်လက်၍    ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည် လွတ်လပ်ရေးအခမ်းအနား ကျင်းပမည့်နေရာများ တွင် ဒီဇယ်ဓာတ်အားပေးစက်များ နေရာချတပ်ဆင် ထားမှု၊ ဝန်ထမ်းများတာဝန်ချထားမှု၊ ဝန်အားစမ်းသပ် မောင်းနှင်မှုများ  ပြုလုပ်ကာ    အခမ်းအနားတွင် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။ 
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ရှိ ၃၃  ကေဗွီ   ဓာတ်အားခွဲရုံအမှတ်(၃)တွင် ၁၁ကေဗွီ ဖီဒါများဖြင့် ဓာတ်အားဖြန့်ဖြူးနေမှု၊ ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံ ကြံ့ခိုင်ထိန်းသိမ်းရေး ဆောင်ရွက် ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေး ရာ အင်ဂျင်နီယာချုပ် ဦးမိုးသက်က ဓာတ်အားခွဲရုံ ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဓာတ်အား ပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာ နှင့်   ဓာတ်အားလွှတ်ပစ္စည်းများ   ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန် နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။                                                

သတင်းစဉ်