ဒုတိယဝန်ကြီး ဦးအောင်မြိုင် ပင်းပက် - နောင်ကားရထားလမ်းသစ် ဖောက်လုပ်နေမှု၊ ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်နေမှုနှင့် ဘူတာများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၂၈
ပို့ဆောင်ရေးနှင့်          ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါ ရီ ၂၆ ရက်မှ ယနေ့အထိ   မြန်မာ့မီးရထားမှ   အထွေထွေ မန်နေဂျာများ၊   တိုင်းအမှတ် (၄)၊   ကလောမှ တိုင်းတာဝန်ခံ   အရာရှိများနှင့်အတူ   ပင်းပက် - နောင်ကားရထားလမ်းသစ်          ဖောက်လုပ်နေမှု၊ ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - ရေထွက်ဦး - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့် တင်ပြုပြင်နေမှု၊ ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီး    ဘူတာများနှင့်   ယာဒ်ဝင်းများ၏ လက်ရှိအခြေအနေများကို စစ်ဆေးသည်။


သတ်မှတ်ကာလပြီးစီးအောင် ဖောက်လုပ်
ခရီးစဉ်အတွင်း  ဒုတိယဝန်ကြီးသည်   ပင်းပက်-  နောင်ကား   ရထားလမ်းသစ်   ဖောက်လုပ်ရာတွင် မြေကြီးကို သိပ်သည်းမှုအရည်အသွေးရရှိအောင် အလွှာလိုက်ဖိကြိတ်၍ Compaction  ကောင်းမွန် အောင်ဆောင်ရွက်ပြီး သတ်မှတ်ထားသည့် အရည် အသွေးရရှိအောင် စစ်ဆေးပြီးမှသာလျှင်  သံလမ်း၊ ကွန်ကရစ်ဇလီဖားခင်းခြင်းနှင့်  လမ်းခင်းကျောက် ထည့်သွင်းခြင်း လုပ်ငန်းများ စနစ်တကျ ဆောင်ရွက် သွားရန်၊ သံလမ်းခင်းရာတွင်လည်း သတ်မှတ်ထား သည့် Gradient နှင့်   ကွေ့များတွင်  Alignment  မှန်ကန်မှုရှိစေရေး  ဆောင်ရွက်ရန်၊   တံတားများ တည်ဆောက်ရာတွင်လည်း   သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း  အရည်အသွေးပြည့်မီစေရေး Quality Control ကို အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း   အချိန်မီ   ပြီးစီးအောင် ဖောက်လုပ်နိုင်ရေး             ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။
ထို့နောက်  ဒုတိယဝန်ကြီးသည်  ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - ရေထွက်ဦး - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေ မှုကို   စစ်ဆေးခဲ့ပြီး   ကွန်ကရစ်ဇလီဖားတုံးများ သတ်မှတ်အကွာအဝေးအတိုင်း    ထည့်သွင်းရေး၊  အရည်အသွေး   ပြည့်မီသော  လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း       ထည့်သွင်းရေး ဆောင်ရွက်သွားရန်နှင့်     သတ်မှတ်ကာလအတွင်း လုပ်ငန်းများ      အချိန်မီပြီးစီးရေး    အလေးထား ဆောင်ရွက်သွားရန်၊    ရွှေညောင် -  သာစည်နှင့်  သာစည် - မြင်းခြံ  ရထားလမ်းပိုင်းများကိုလည်း သတ်မှတ်ကာလအတွင်း   အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ခရီးသွားပြည်သူများ စိတ်ချမ်းသာရေး
ဆက်လက်၍   ဒုတိယဝန်ကြီးသည်  ကလော၊ အောင်ပန်း၊ ရွှေညောင်၊ တောင်ကြီး ဘူတာများနှင့်  ဘူတာယာဒ်ဝင်းများကို   စစ်ဆေးခဲ့ပြီး   သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များ မရှိစေရေး၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှပင်များ စိုက်ပျိုးသွားရေးနှင့်         ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားရန်  မှာကြားခဲ့ကြောင်း  သိရ သည်။                                                သတင်းစဉ်