ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပုသိမ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပုသိမ်ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

ပုသိမ်   မတ်   ၆ 
ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန် ရှိသူများနှင့်အတူ  မတ် ၄ ရက်က  ဧရာဝတီတိုင်းဒေသကြီး        ပုသိမ် လေယာဉ်ကွင်း    အဆင့်မြှင့်တင် ခြင်းလုပ်ငန်း     ဆောင်ရွက်နေ မှု   နှင့်  ပုသိမ်ကမ်းနား လမ်း  တိုးချဲ့ခြင်း   Bored pile  အခြေပြု  ကွန်ကရစ် ဆိပ်ခံတံတား    အလျား ပေ ၂၀၀   တည်ဆောက် ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို  သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးစဉ်     ဒုတိယ ဝန်ကြီးက  လေယာဉ်ပြေးလမ်းနှင့် ပတ်သက်သည့်  သတ်မှတ်အမှတ် အသားများ ထင်ရှားစွာရေးဆွဲထား ရေး၊  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး    လျာထား သတ်မှတ်ထားသည့်  လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး၊    ပုသိမ်ကမ်းနားလမ်း တိုးချဲ့ခြင်း  Bored pile အခြေပြု ကွန်ကရစ်ဆိပ်ခံတံတား    တည် ဆောက်ရာတွင်         ခိုင်ခံ့လှပမှု အတွက်သာမက  မသန်စွမ်းသူများ အတွက်ပါ  ထည့်သွင်းဆောင်ရွက် ပေးရေး၊ ဆိုလာစနစ်ဖြင့် ညအချိန် မီးလင်းအောင်     ဆောင်ရွက်ရေး မှာကြားသည်။ 
အလေးထားဆက်ဆံ
ထို့နောက်    ဒုတိယဝန်ကြီး သည် ပုသိမ်မြို့  ဧရာရွှေဝါခန်းမ၌ တိုင်းအဆင့်  ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မိမိတို့   ဌာန/ အဖွဲ့ အစည်း၏ ရည်မှန်းချက်၊ မျှော်မှန်း ချက်များကို    ကြိုးစားအကောင် အထည်ဖော်    ဆောင်ရွက်ကြရန်၊ ဘဏ္ဍာငွေသုံးစွဲရာတွင်   လုပ်ထုံး လုပ်နည်းနှင့်အညီ     သုံးစွဲရန်၊ ပြည်သူလူထုနှင့်       တိုက်ရိုက် ထိတွေ့ဆက်ဆံရာတွင်    အဂတိ တရားကင်းရှင်းပြီး     ယဉ်ကျေး သိမ်မွေ့စွာ အလေးထားဆက်ဆံရန်၊    ဝန်ထမ်းများ၏ သက်သာချောင်ချိ ရေးကိစ္စရပ်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးရန်   မှာကြားကာ ဌာနအလိုက်      တင်ပြချက်များ အပေါ် ပြန်လည်ရှင်းလင်း၍ ဝန်ထမ်း များအတွက်  စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း   သတင်း ရရှိသည်။                

သတင်းစဉ်