
နေပြည်တော် ဩဂုတ် ၂၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ပြင်ဆင်ဆောင်ရွက်
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည် တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ တောင်ညိုအုပ်စု ဂွေးပင်ရိုးကျေးရွာအနောက် ချောင်းမကြီး မြေထိန်း နံရံ တည်ဆောက်ခြင်းလုပ်ငန်း၊ သရက်တောအုပ်စု ပိုးစာတောကျေးရွာရှိ အိမ်မဲကြီး ကွေ့တံခွန်တိုင်ချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ ချောင်းမကြီးကွေ့ (ဦးသာဟန်ကွေ့) မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ချောင်းမကြီးကွေ့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး၍ သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် စတင်တည်ဆောက်စဉ်ကပင် ခိုင်ခိုင်ခံ့ခံ့ အရည်အသွေးပြည့်မီအောင် ဆောင်ရွက် ကြရန်နှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက် ကြရန်၊ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်း ရေရှည်တည်တံ့ခိုင်မြဲစေရေး အမြဲမပြတ် စစ်ဆေး ပြင်ဆင် ဆောင်ရွက်ရန် မှာကြားကြောင်း သိရ သည်။
သတင်းစဉ်