
နေပြည်တော် ဩဂုတ် ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက်ပိုင်းတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆောင်ရွက်လျက်ရှိသော ရေဒါ စခန်းအတွင်းရှိ Duty Engineer House တည်ဆောက်ခြင်း လုပ်ငန်းနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ ခိုင်ခန့်မှု ရှိစေရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် လေယာဉ်ကွင်း ပတ်ဝန်းကျင်ဧရိယာနေရာများ တွင် မိုးရွာသွန်းမှုကြောင့် ရေလျှံမှု မရှိစေရေးအတွက် ရေနုတ်မြောင်း များနှင့် ရေထွက်ပေါက် နေရာများ တွင် ရေစီးရေလာ ကောင်းမွန်ရေး အတွက် ရှင်းလင်းဆောင်ရွက် ထားရှိမှုကို လည်းကောင်း၊ လေယာဉ်အသက်ကယ် မီးသတ် ဌာနစုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လေယာဉ်အသက် ကယ် မီးသတ်အဆင့် သတ်မှတ် ချက်နှင့်အညီ ကိုက်ညီမှုရှိစေရေး၊ မီးသတ်ယာဉ်များ၏ ကြံ့ခိုင်ရေး၊ အထောက်အကူပြု ပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ အရေးပေါ် အခြေအနေ ဖြစ်ပွားပါက သတ်မှတ်ချိန်အတွင်း ကူညီ ကယ်ဆယ်ရေးလုပ်ငန်း ဆောင် ရွက်နိုင်ရေးနှင့် ကြိုတင် ဇာတ်တိုက် လေ့ကျင့်မှုများ ကို သတ်မှတ်ချိန်အတိုင်း ပုံမှန် ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် လေကြောင်း ထိန်းမျှော်စင်၌ လေကြောင်း ထိန်းလုပ်ငန်း ဆောင်ရွက် နေမှု၊ စက်ပစ္စည်းကိရိယာများ ကောင်းမွန်မှု ရှိ/ မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ရေးအတွက် လေကြောင်းထိန်းများအနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းစဉ် (Procedures) များနှင့်အညီ အထူးဂရုပြု ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်