
နေပြည်တော် မတ် ၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် (သန်လျင်) သို့ ရောက်ရှိခဲ့ပြီး ပါမောက္ခချုပ်ရုံး အစည်းအဝေး ခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် ဆောင် ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူ အဆောင်များ တည် ဆောက်ရန် ကိစ္စရပ်များ၊ ဘဏ္ဍာ နှစ်အလိုက် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ အခြေအနေများ နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန် ဒီပလိုမာသင်တန်း ဖွင့်လှစ်မှုကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီး က တင်ပြချက်များအပေါ် ဆောင် ရွက်ရမည့် ကိစ္စရပ်များ၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စတင်တည် ဆောက်စဉ်ကတည်းက ခိုင်ခံ့မှု ရှိစေရေး၊ တည်ဆောက်ပြီးပါက လည်း ထိန်းသိမ်းမှုအပိုင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြ ရေး ကိစ္စရပ်များကို ရှင်းလင်း မှာကြားခဲ့ပြီး တက္ကသိုလ်ဝင်း အတွင်းရှိ Simulator ခန်း အဝင် ပေါက်အတွက် ပတ်လမ်းပြုလုပ် သွားရေး ၊ ဘောလုံးကွင်းအကြီးစား ပြုပြင်ဆောင်ရွက်နေမှုနှင့် ကျောင်း သား ကျောင်းသူ အဆောင် တည်ဆောက်မည့် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။
သတင်းစဉ်