
နေပြည်တော် မတ် ၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုး အောင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်၊ တာဝန်ရှိသူများနှင့် အတူ မတ် ၃ ရက်က ဧရာဝတီ တိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ သို့ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော ဟိုင်းကြီးကျွန်းမြို့ အဝင်ရေလမ်း အလျား ၇၄၅ မီတာ၊ ပျမ်းမျှ အကျယ် ၁၂၀ မီတာ နှင့် အနက် ရေစစ်မျဉ်းအောက် ၇ မီတာ စုစုပေါင်း ၃၉၈၉၂၀ ကုဗမီတာ သောင်တူးဖော် ခြင်း (အပေါ်ယာပုံ) လုပ်ငန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော နုန်းတားကျောက်စီ လှိုင်းကာ အလျား ပေ ၅၀၀ တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက သောင်တူး သင်္ဘောကြီးဖြင့် ဟိုင်းကြီးကျွန်းမြို့ အဝင်ရေလမ်း သောင်တူးဖော်နေမှုသည် ဒေသခံ ပြည်သူများအတွက် ရေလမ်း ကုန်စည်ပို့ဆောင်မှု လုံခြုံချောမွေ့ ရုံသာမက ရေယာဉ်ကြီးများ၂၄ နာရီ ဝင်ထွက်နိုင်သဖြင့် များစွာ အကျိုး ရှိသော လုပ်ငန်းဖြစ်ကြောင်း၊ သောင်တူးဖော်ရာတွင် သတ်မှတ် တူးလိုင်း အကျယ်၊ အနက် ရရှိစေ ရေး ဂရုပြုဆောင်ရွက်ကြရန်နှင့် သောင်တူးသင်္ဘောကြီးများသည် တန်ဖိုး ကြီးမားသည့်အတွက် ကိုင်တွယ် မောင်းနှင်သူများ အနေဖြင့် သတ်မှတ်ထားသော Procedure များနှင့်အညီ စနစ် တကျ ထိန်းသိမ်းကိုင်တွယ် မောင်းနှင်ရန်လိုကြောင်း၊ မီးဘေး အန္တရာယ်မဖြစ်စေရေး သင်္ဘော သားတိုင်း အထူးအလေးထား ဂရုပြုရန်၊ သက်ဆိုင်ရာကဏ္ဍ အလိုက် ကျွမ်းကျင်ဝန်ထမ်းများ ခါးဆက်မပြတ်စေရေး တာဝန်ရှိ သူအဆင့်ဆင့်က စီမံဆောင်ရွက် ရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ် ကြီးသို့ သွားရောက်ဖူးမြော်ပြီး စေတီတော် ရင်ပြင်တော်တိုးချဲ့ ခြင်းအတွက် အလှူတော်ငွေများ ကို ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များ၏ကိုယ်စား ဘုရားဂေါပက နှင့် တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်