ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တပ်ကုန်းမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် ဇေယျာသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီး ရုံးနှင့် ဇေယျာသီရိမြို့နယ်  စီမံကိန်းဦးစီးရုံးများသို့ သွားရောက်စစ်ဆေးသည်။


ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်စီမံကိန်းဦးစီးရုံးနှင့်  ဇေယျာသီရိ မြို့နယ်     စီမံကိန်းဦးစီးရုံးများသို့   သွားရောက်၍ အဆိုပါစီမံကိန်းဦးစီးရုံးများ၌ တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်၊ အမျိုးသားစီမံကိန်းအကောင်အထည်ဖော် ရာ၌   သက်ဆိုင်ရာမြို့နယ်အလိုက်    မိမိတို့နှင့် သက်ဆိုင်သည့် စီမံကိန်းလုပ်ငန်းများကို စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်၊     စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို   အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏စီမံကိန်း များ ရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိက ဆောင်ရွက်နေသည့်  စိုက်ပျိုးရေးနှင့်   မွေးမြူရေး လုပ်ငန်းများကို   စီမံကိန်းလျာထားချက်များတွင် စနစ်တကျထည့်သွင်းနိုင်ရေးနှင့်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွား ရန်၊   နိုင်ငံ့ဘဏ္ဍာငွေဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းနှင့် စီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက် ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


သတင်းစဉ်