ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၃၁) ကြိမ်မြောက် အာဆီယံလူမှုရေး - ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ရန် လာအိုနိုင်ငံသို့ထွက်ခွာ

 

ရန်ကုန်   မတ်   ၂၃


သာသနာရေးနှင့်    ယဉ်ကျေးမှု ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဒေါ်နုမြဇံ     ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် လာအို ပြည်သူ့   ဒီမိုကရက်တစ်သမ္မတ နိုင်ငံမှ ကြီးမှူး၍ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ လွမ်ပရာ ဘန်မြို့၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အာဆီယံလူမှု-ယဉ်ကျေး မှုအသိုက်အဝန်းကောင်စီဝန်ကြီး များအဆင့် အစည်းအဝေး (The 31st Meeting  of the  ASEAN Socio-Cultural Community (ASCC) Council) သို့  တက်ရောက် ရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မှ လာအိုနိုင်ငံသို့  လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။ 


ဒုတိယဝန်ကြီး ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကို သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာနမှ    တာဝန်ရှိသူများ က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး ဝန်ကြီးများအဆင့်     အစည်းအဝေးမတိုင်မီ အဆင့်မြင့် အရာရှိ ကြီးများအစည်းအဝေးသို့ တက်ရောက်ရန်  သမိုင်းသုတေ သနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည်  မတ် ၂၁  ရက် တွင် ကြိုတင်ထွက်ခွာသွားကြောင်း သိရသည်။              

 သတင်းစဉ်