ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ရန်ကုန်   မတ်   ၂၈
သာသနာရေးနှင့်       ယဉ်ကျေးမှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဒေါ်နုမြဇံ      ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ        တာဝန်ယူထားသည့်  လာအို    ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ကြီးမှူး၍  မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု      အသိုက်အဝန်း ကောင်စီ      ဝန်ကြီးများအဆင့် အစည်းအဝေး (The 31st Meet-ing of the ASEAN Socio-Cul-tural Community (ASCC) Coun- cil)  သို့    တက်ရောက်ပြီး   မတ် ၂၆ ရက် ညပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။
အစည်းအဝေး၌  လာအိုနိုင်ငံ၊ အာဆီယံ        လူမှု-ယဉ်ကျေးမှု ဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့်  ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး  Mrs. Sunanesavanh VIGNAKET က သဘာပတိအဖြစ် ဆောင်ရွက် ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  တီမောလက်စ်တေနိုင်ငံ       တို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများ၊     အာဆီယံ အဆင့်မြင့်အရာရှိကြီးများ၊ လာအို  နိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှု  အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ် ဝန်ကြီးဌာနများမှ    ဝန်ကြီးများ၊ အာဆီယံ      အတွင်းရေးမှူးချုပ်၊  ဒုတိယ     အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ    တက်ရောက် ကြသည်။
အတည်ပြုနိုင်ရေး ဆွေးနွေး
အစည်းအဝေး      ပထမပိုင်း တွင် အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း  ဦးစားပေး ဆောင် ရွက်မည့်  လုပ်ငန်းစဉ်များ၊  ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်း  မဏ္ဍိုင်၏  မဟာ ဗျူဟာအစီအစဉ်        ရေးဆွဲရေး လုပ်ငန်းစဉ်များ၏        ဖြစ်ပေါ် တိုးတက်မှုများ၊    (၄၄)   ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသို့   တင်ပြမည့် မှတ်တမ်းမှတ်ရာများ၊   အစည်း အဝေးအစီရင်ခံစာများ၊ ကြေညာ ချက်များနှင့်     (၃၁)  ကြိမ်မြောက် အာဆီယံ       လူမှု - ယဉ်ကျေးမှု အသိုက်အဝန်း          ကောင်စီ၏ မှတ်တမ်း     အကျဉ်းချုပ်တို့ကို အတည်ပြုနိုင်ရေးတို့နှင့် စပ်လျဉ်း ၍ ဆွေးနွေးကြသည်။
အစည်းအဝေး     ဒုတိယပိုင်း တွင် လာအိုနိုင်ငံ၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင် ၏    ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့်      မျက်နှာစုံညီ အစည်းအဝေး     ပြုလုပ်ကြပြီး ၂၀၂၅   အလွန်    အာဆီယံ-လူမှု ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ၏ မဟာဗျူဟာ အစီအစဉ်ရေးဆွဲ ရေးလုပ်ငန်းစဉ်များ၏   ဖြစ်ပေါ် တိုးတက်မှုတို့နှင့်      စပ်လျဉ်း၍      အာဆီယံ     လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်     ဆက်စပ် လုပ်ငန်းအစုအဖွဲ့များ၏ ကြုံတွေ့ နေရသည့် အဓိကဦးတည်ရာများ၊ ၂၀၂၅  အလွန်  အာဆီယံပြည်သူ များ၏ ဘဝကောင်းကျိုးချမ်းသာ တိုးတက်စေရေးအတွက် အာဆီယံ ၏ လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အောင်    မြှင့်တင်ဆောင်ရွက်နိုင် ရေး၊ အာဆီယံ လူမှု-ယဉ်ကျေးမှု  အသိုက်အဝန်း     မဏ္ဍိုင်အနေဖြင့် နောင်လာမည့်  နှစ်  ၂၀  အတွင်း မဏ္ဍိုင်၏   အဓိကနယ်ပယ်များ ဖြစ်သည့်    အားလုံးပါဝင်သည့် တက်ကြွကြံ့ခိုင်၍ ရေရှည်တည်တံ့ ခိုင်မြဲမည့်    အသိုက်အဝန်းနှင့်  အာဆီယံ၏ စရိုက်လက္ခဏာများ ကို    မြှင့်တင်ဆောင်ရွက်ရေးတို့ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ကြိုဆိုထောက်ခံ
အစည်းအဝေးတွင်     ဒုတိယ ဝန်ကြီးက ၂၀၂၄ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျ တာဝန်ယူ စဉ် အကောင်အထည်ဖော် ဆောင် ရွက်မည့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို  တက် ရောက်လာကြသည့်   အာဆီယံ အသိုက်အဝန်းကောင်စီ  ဝန်ကြီး များနှင့်အတူ     ကြိုဆိုထောက်ခံ ပါကြောင်း        ဆွေးနွေးပြော ကြားသည်။
အစည်းအဝေးသို့      ဒုတိယ ဝန်ကြီးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှု           အသိုက်အဝန်း ကောင်စီ အဆင့်မြင့်အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ   တက်ရောက် ကြသည်။  
ဂုဏ်ပြုညစာစားပွဲတက်ရောက်
ဒုတိယဝန်ကြီးနှင့်     မြန်မာ ကိုယ်စားလှယ်          အဖွဲ့သည် (၃၁) ကြိမ်မြောက် အာဆီယံ လူမှု- ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့်အတူ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ ADME (ASEAN Data-base for Monitoring and Eva-luation System) စတင်ဖွင့်လှစ် သည့် အခမ်းအနားနှင့် (၃၁) ကြိမ် မြောက် အာဆီယံလူမှု-ယဉ်ကျေး မှု အသိုက်အဝန်းကောင်စီဝန်ကြီး များအဆင့် အစည်းအဝေးအထိမ်း အမှတ်အဖြစ် လာအိုနိုင်ငံ၊ ပြန်ကြား ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ တည်ခင်းဧည့်ခံ သည့်       ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
လွမ်ပရာဘန်မြို့သို့ ရောက်ရှိ နေစဉ်    ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် အခြားသော အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ နှင့်အတူ        ဆွမ်းလောင်းလှူပွဲ၊ Xieng Thong Temple လွမ်ပရာ ဘန်မြို့      အမျိုးသားပြတိုက်နှင့် Tat Kuang Si ရေတံခွန်များသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။                
သတင်းစဉ်