
နေပြည်တော် ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် အတူ တောင်ကြီး ပညာ့ရိပ်သာကို ရောက်ရှိကာ အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၊ စုဝေးခန်းမ ဆောင်၊ အားကစားလေ့ကျင့်ရေး ခန်းမ၊ အားကစားကွင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယ ဝန်ကြီးက ဝန်ထမ်းအိမ်ရာ၊ မိသားစုအိမ်ခန်းများ စနစ်တကျ နေရာချထားရေး၊ အိမ်ရာလုံခြုံ ရေး၊ အားကစားလေ့ကျင့်ရေး ခန်းမရှိ အားကစားပစ္စည်းများကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ် အကျိုးရှိထိရောက်စွာ အသုံးပြုနိုင် ရေးအတွက် ခွဲဝေချထားပေးရေး၊ အိမ်ရာနေဝန်ထမ်းများ သွားလာ ရေး အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက တောင်ကြီး ပညာ ရေးဒီဂရီကောလိပ်သို့ ရောက်ရှိ ပြီး သင်တန်းသား သင်တန်းသူများ ကာယလေ့ကျင့်ခန်းအစီအစဉ်ဖြင့် အတွဲ ၁၊ ၂ သွေးပူလေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းများ ဆောင် ရွက်နေမှုနှင့် ဘော်လီဘော၊ ပိုက်ကျော်ခြင်း ကစားနေမှုများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် တောင်ကြီး ပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇဆောင် ခန်းမ၌ တောင်ကြီး၊ လွိုင်ကော် ပညာရေး ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အနာဂတ်ပဲ့ကိုင်ရှင် ဆရာ ဆရာမ လောင်းများဖြစ်ကြသဖြင့် ဘာသာ ရပ်များကို နှံ့စပ်စွာ နားလည် တတ်ကျွမ်းအောင် သင်ယူလေ့လာ ကြရန်၊ အလွတ်ကျက်မှတ်ခြင်း အစား စဉ်းစားတွေးခေါ်မှတ်သား ကြရန်၊ သမိုင်းနှင့် ပထဝီဝင် ဘာသာရပ်များကို သိရှိနားလည် ကာ နိုင်ငံချစ်စိတ်မွေးမြူကြ ရန်၊ စည်းကမ်းရှိသော၊ ကိုယ်ကျင့် တရားကောင်းသော စံနမူနာပြ ဖြစ်ကြစေရန် မှာကြားပြီး အခြေခံပညာဦးစီးဌာန လေ့ကျင့် ရေး အလယ်တန်းကျောင်းကို သွားရောက် ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် အေးသာယာမြို့ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သို့ ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် စာမေးပွဲ များ ဖြေဆိုနေမှုကို လည်း ကောင်း၊ တောင်ကြီးတက္ကသိုလ် နှင့် စာကြည့်တိုက်များကို လည်း ကောင်း၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေ မှုကို လည်းကောင်း လှည့်လည် ကြည့်ရှုပြီး သင်ကြားရေးဌာန များတွင် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် စားရိပ်သာများ၌ တောင်ကြီး ပညာရေးဒီဂရီကောလိပ်နှင့် လွိုင် ကော် ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများအား တည်ခင်း ဧည့်ခံသည့် ညစာစားပွဲ သို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်