နေပြည်တော် သြဂုတ် ၃၀
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ် ပြန့်ပြန့် နားလည်သိရှိ လိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေဆိုင်ရာ ဒုတိယ အကြိမ် အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့ ကျောင်းသား လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင် လောင်းများ၊ မူဝါဒရေးဆွဲမည့် သူများ၊ ရွေးကောက်ပွဲ မဲဆန္ဒရှင်လောင်းများဖြစ်ကြသဖြင့် နိုင်ငံ တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စု ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ပိုမိုသိရှိနားလည် စေရန် ယနေ့အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပ ခြင်းဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင် အောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပါဝင်သည့် နိုင်ငံတော်အခြေခံမူ များထဲမှ သိသင့်သိထိုက်သည် များ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဖွဲ့စည်းမှု များ၊ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့် တာဝန်များ၊ ကောက်နုတ် ချက်နှင့် ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ သိသင့်သိထိုက်သည် များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေတွင် ပါရှိသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းခြင်းနှင့် ခန့်အပ် တာဝန်ပေးခြင်း၊ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန် ပေးခြင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ တာဝန်၊ လုပ်ပိုင်ခွင့် များ၊ ရွေးကောက်ပွဲနှင့် ပထမ အကြိမ်မဲပေးကြမည့် လူငယ်များ ၏ အခန်းကဏ္ဍတို့ကို ရှင်းလင်း ဆွေးနွေးဟောပြောရာ ကျောင်း သား ကျောင်းသူများက သိရှိ လိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ Naypyitaw State Academy မှ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်