
နေပြည်တော် ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ဆရာ ဆရာမလောင်းများ ဖြစ်သည်နှင့် အညီ တပည့်များကို ထူးချွန် ထက်မြက်အောင် ပြန်လည် သင်ကြားနိုင်ရေးအတွက် သင်ပြ နည်းစနစ်များ၊ ပညာရေးသဘော တရားနှင့် စီမံခန့်ခွဲမှုပညာများ၊ ပညာရေးစိတ်ပညာ၊ အားကစား နှင့် ကာယပညာတို့ကို အာရုံစိုက် သင်ယူလေ့ကျင့်ကြရန် တိုက်တွန်း သည်။ ထို့နောက် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ ကာ ပညာရေးတက္ကသိုလ်များ သာမက ပညာရေးဒီဂရီကောလိပ် များ၏ သင်ရိုးညွှန်းတမ်းများ ကောင်းမွန်ရေးအတွက် ပညာရေး တက္ကသိုလ်နှစ်ခု ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ပုဂ္ဂလိက ကျောင်းဆရာလက်မှတ်သင်တန်း များ စနစ်တကျ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စစ်ကိုင်းတက္ကသိုလ် သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှု များကို လှည့်လည်ကြည့်ရှုအားပေး ကာ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို မေးမြန်းဖြည့်ဆည်းပေးသည်။
ဆက်လက်၍ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများကို သင်ကြားရေး ဘာသာရပ်များ သာမက ကာယပညာ၊ ကျောင်း ကျန်းမာရေးပညာနှင့် အားကစား တို့ကို တပည့်များအား ပြန်လည် ပို့ချ လေ့ကျင့်ပေးနိုင်သည်အထိ မိမိကိုယ်တိုင် တတ်မြောက် အောင် လေ့ကျင့်ကြစေလိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး သည် မန္တလေးမြို့ရှိ ဧရာဝတီ အင်တာနေရှင်နယ် ပုဂ္ဂလိက ကျောင်းသို့ ရောက်ရှိပြီး ပုဂ္ဂလိက ပညာရေးဥပဒေနှင့် ထုတ်ပြန်ထား သော ညွှန်ကြားချက်များ၊ မကြာမီ ထုတ်ပြန်မည့် နည်းဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရေး နှင့် ပြည်သူ့နီတိနှင့်အညီ နေထိုင် ပြုမူပြောဆိုတတ်စေရေး ပျိုးထောင် ပေးရန် မှာကြားကြောင်း သိရ သည်။
သတင်းစဉ်