ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ရှမ်းပြည်နယ် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ   ၅ 


သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး၊      မွေးမြူရေးလုပ်ငန်းများ    တိုးမြှင့် လုပ်ကိုင်နိုင်ရေး၊ ဈေးကွက်ဆိုင်ရာအခက်အခဲများ ကျော်လွှားနိုင်ရေးနှင့် တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ် ရောင်းချနိုင်ရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးလာရေး တို့အတွက် လိုအပ်ချက်များ ပံ့ပိုးဆောင်ရွက်ပေးနိုင် ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာ ကျော်ထွန်းနှင့်       စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့သည်       စက်တင်ဘာ   ၄  ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေး ကြသည်။ 


ထိုသို့    တွေ့ဆုံစဉ်      မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် အလယ်အလတ်အဆင့် မွေးမြူ ရေးဆိုင်ရာ ကျွမ်းကျင်သူများ   သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် မွေးမြူရေးဒီပလိုမာသင်တန်း ထည့်သွင်းဖွင့်လှစ်သွားမည့် စိုက်ပျိုးရေးသိပ္ပံကျောင်း များတွင်ပါဝင်သည့် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး        ဆောင်ရွက်နေမှုများ၊ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအကြား ပူးပေါင်းဆောင်ရွက်  နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ၊    မွေးမြူရေးကဏ္ဍတွင်    ဒေသနေပြည်သူများ တစ်ပိုင်တစ်နိုင်မှ     စီးပွားဖြစ်အထိ  ရင်းနှီးမြှုပ်နှံ လုပ်ကိုင်အောင်        အားပေးကူညီဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက်    ဒုတိယဝန်ကြီးသည်   ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး       အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ  တာဝန်ရှိသူများနှင့်လည်း ကောင်း၊ ညောင်ရွှေမြို့နယ် ရှမ်းရိုးမ မွေးမြူရေးဇုန်၌  မွေးမြူရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံ ၍ ဒေသနေတောင်သူများ၏  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ      တိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရေး၊ အသားထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးရေးနှင့် မွေးမြူရေးဇုန် အတွင်း ဇီဝလုံခြုံမှု မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲ့သည်။ 


ယင်းနောက်  ဟဲဟိုးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ တိုးချဲ့ဖွင့်လှစ်မည့်   မွေးမြူရေးဒီပလိုမာသင်တန်း အတွက် သင်တန်းအထောက်အကူပြု အဆောက် အအုံများ၊     အိပ်ဆောင်နှင့်   စားရိပ်သာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်