
နေပြည်တော် သြဂုတ် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တောင် ကောင်စီ၀င်နှင့် အတူ နေပြည်တော် ဇမ္ဗူသီရိမြို့ နယ် တဲကြီးကုန်းကျေးရွာရှိ စီးပွား ဖြစ် မျိုးသန့်မျိုးစေ့ထုတ် စံပြ စိုက်ကွင်း၌ ကျင်းပသည့် စုပေါင်း မြေသြဇာကြဲပက်ပွဲသို့ တက် ရောက် အားပေးသည်။
စုပေါင်းမြေသြဇာကြဲပက်ပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံ စဉ် ဒုတိယဝန်ကြီးက တစ်ဧကချင်း ၏ သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်ရေး၊ သွင်းအားစုစရိတ် သက်သာပြီး သီးနှံအထွက်နှုန်းနှင့် အရည်အသွေး တိုးတက်ထုတ်လုပ် နိုင်ရေးအတွက် ဓာတ်မြေဩဇာ နှင့် သဘာဝမြေဩဇာများကို အကျိုးရှိထိရောက်စွာ အသုံးပြု ရေး၊ ခေတ်မီနည်းပညာများ အသုံးပြုရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် တောင်သူ ဦးအောင် ငွေ၏ မျိုးစေ့ထုတ်စိုက်ခင်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာတွဲဖက်၍ မြေသြဇာ စုပေါင်းကြဲပက်နေမှုကို ကြည့်ရှု အားပေးသည်။
အလားတူ ဒက္ခိဏသီရိမြို့ နယ် မဲဒီးကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာဦးစီးဌာနတို့မှ ပူးပေါင်း ဆောင်ရွက်သည့် ကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ကြည့်ရှုကြပြီး ဒေသနေတောင်သူ များနှင့် တွေ့ဆုံကာ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ဝင်ငွေ အကျိုးအမြတ်များသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။
ထိုမှတစ်ဆင့် Big M Group ၏ သီးနှံစိုက်ကွင်းသို့ ရောက်ရှိကြပြီး လောင်ကန်၊ ကျွဲကော၊ ပိန္နဲ၊ သရက် စိုက်ခင်းများ၊ ပျိုးပင်များကို ကြည့်ရှုအားပေးကာ တောင်သူ များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နည်းပညာမျှဝေ ဆောင်ရွက်ရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဥတ္တရသီရိမြို့နယ် မီးလောင်ကုန်း ကျေးရွာအနီး တည်ဆောက်ထားသည့် ဖောင်း လောင် ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးပြီး ပြောင်းလဲလာ သည့်ရာသီဥတုနှင့် လိုက်လျော ညီထွေဖြစ်စေမည့် စိုက်ပျိုးရေ ပေးဝေမှုစနစ်ဖြစ်စေရေး၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် ရန် လိုအပ်ချက်များကို တာဝန် ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်