
နေပြည်တော် မတ် ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ် ၁၃ ရက် နံနက် ပိုင်းတွင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ၌ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ကို ဌာနများတွင် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဆိုင်ရာ MSMEs များ၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးရန်တို့ အတွက် ခေတ်မီနည်းပညာများ စနစ်တကျအသုံးချ နိုင်ပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်များ ကို လိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင် ရေးသင်တန်းများကို ဖွင့်လှစ်ကာ မြေတောင်မြှောက် ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ ၉၅၃၉ ဦးအထိ လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။
လိုအပ်ချက်များဖြည့်ဆည်းပေး
ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါ ကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသားများ အား ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့် သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် လက်ဖက် ရည်ဝိုင်းတွင် သင်တန်းသားများကို တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင် နီယာဌာနများတွင် သင်တန်းသားများ စိတ်ပါဝင်စား စွာ လေ့ကျင့်သင်ကြားနေကြသည်များကို လှည့်လည် ကြည့်ရှုအားပေးပြီး သင်တန်းများမှ လေ့လာ သိရှိခဲ့သည်များကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးချကာ ဆင့်ပွားမျှဝေပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ နည်းပညာစွမ်းရည် များဖြင့် အလုပ်အကျွေးပြုနိုင်ရေးအတွက် စဉ်ဆက် မပြတ် ဆန်းစစ်မွမ်းမံသွားရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
နည်းပညာ ဖြန့်ဝေပေးနိုင်ရေး
ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးကာ ဖွံ့ဖြိုးပြောင်းလဲမှု မြန်ဆန်လျက် ရှိသော EV နည်းပညာအရွေ့များအတိုင်း အမီလိုက် ပါကာ လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် EV သုံးစွဲသူ ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် EV နည်းပညာများကို ထိရောက် ပီပြင်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်