
နေပြည်တော် မေ ၇
အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် နိုင်ငံတော်တွင် လျှပ်စစ် သုံးယာဉ်(Electric Vehicle ၊ EV) ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်း များ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် ယမန်နေ့ နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ် TTTC(ဘယ်လင်း) ၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက် ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှု သင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်တွင် အခြားကမ္ဘာ့နိုင်ငံ များနည်းတူ ရာသီဥတုဖောက်ပြန် မှု လျှော့ချနိုင်ရေး၊ ကာဗွန်ကင်းစင် ရေး၊ ရုပ်ကြွင်းလောင်စာ အသုံးပြု မှုများမှ သက်ရောက်မှုများကို လျှော့ချနိုင်ရေး၊ ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရေး၊ စက်သုံးဆီ အသုံးစရိတ် လျှော့ချနိုင်ရေး၊ လေထု အရည်အသွေးများကို မြင့်မားစေပြီး ပြည်သူများအတွက် သန့်ရှင်းသော လေထုမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေသည့် ဆုလာဘ်များကိုပါ ရရှိရေးတို့ အတွက် EV ကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်လျက်ရှိရာတွင် အရည် အသွေးပြည့်မီသော EV နည်း ပညာရှင်များကို ပျိုးထောင်ပေးရန် လည်း လိုအပ်သဖြင့် ဤသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံ တော်နှင့် ပြည်သူ့အကျိုးပြု EV နည်းပညာရှင်များ ဖြစ်စေရေး ရည်မှန်းချက်ထားကာ ကြိုးပမ်း လေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
လေ့ကျင့်သင်ကြားပေးမည်
ယင်းနောက် ဒုတိယဝန်ကြီး သည် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ပြီး EV အလုပ်ရုံတွင် အဆင့်မြင့် သင်ထောက်ကူ ပစ္စည်းများဖြင့် သင်တန်းသားများ သင်ယူလေ့ကျင့် နေမှုများကို ကြည့်ရှုအားပေး သည်။ အဆိုပါသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ လျှပ်စစ်ကား၏ ဗို့အား မြင့် မောင်းနှင်ခြင်းစနစ်၊ Battery နည်းပညာ၊ ထိန်းချုပ်မှုစနစ်များ၊ Special Hand Tools၊ လျှပ်စစ်သုံး ယာဉ်စနစ် တစ်ခုလုံးအတွက် ပြစ်ချက်ရှာဖွေခြင်း၊ စမ်းသပ်ခြင်း၊ Traction Battery ကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ကို ဖြုတ်ခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ အကြောင်း အရာများကို လေ့ကျင့်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် အစိုးရနည်းပညာ အထက် တန်းကျောင်း GTHS (ကျောက် ဆည်)သို့ ရောက်ရှိပြီး ကျောက် ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာန တို့နှင့် ဒုတိယအကြိမ်မြောက် ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လျှပ်စစ်သံဂဟေဆက် နည်းပညာ သင်တန်း၊ အခြေခံကွန်ပျူတာ သင်တန်းနှင့် အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး အလုပ်ရုံများတွင် သင်တန်းသားများ ဆောင်ရွက်နေ မှုကို ကြည့်ရှုအားပေးကာ လိုအပ် သည်များ မှာကြားသည်။
ဘဝရပ်တည်ချက် ခိုင်မာရေး
အဆိုပါ သင်တန်းများကို ဒေသတွင်း MSME လုပ်ငန်းများ အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ကျေးလက် နေ ပြည်သူများ အသိပညာ၊ အတတ်ပညာများ မြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ဘဝရပ်တည်ချက် ခိုင်မာစေရေးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ နိုင်ရန်နှင့် နိုင်ငံတော်က အားထား ရသည့် ဗလငါးတန်နှင့် ပြည့်စုံ သော လူငယ်များပေါ်ထွန်းလာစေ ရန်တို့အတွက် ရည်ရွယ်၍ ဖွင့်လှစ် ခြင်းဖြစ်ပြီး အနီးဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူများနှင့် နွေရာသီကျောင်းပိတ်ကာလဖြစ် ၍ ကျောင်းသားများ စုစုပေါင်း သင်တန်းသား ၅၀ ခန့် တက် ရောက်ကြကြောင်းနှင့် ဒေသ လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများကို ဆက်လက် ဖွင့်လှစ်သွားရန်ရှိကြောင်း သိရ သည်။ သတင်းစဉ်