
နေပြည်တော် မတ် ၂၃
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် လူငယ်များကို တိုင်းပြည်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များ ကို အောင်မြင်အောင်ဆောင်ရွက် ရာတွင် အမှန်တကယ်အထောက် အကူပြုနိုင်မည့် နိုင်ငံ့အင်ဂျင်နီယာ ကောင်းများအဖြစ် ပျိုးထောင်ပေး လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မတ် ၂၁ ရက်က ရန်ကုန်မြို့ ရှိ နည်းပညာတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန် နည်းပညာတက္ကသိုလ် တွင် အင်ဂျင်နီယာဘာသာရပ်နှင့် သင်တန်းနှစ်များအလိုက် ကျောင်း သား ကျောင်းသူများ စိတ်အေး ချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့ စွာစာမေးပွဲဖြေဆိုနိုင်ရေး လိုအပ် သည်များကို ပံ့ပိုးဆောင်ရွက်ပေး ရန် စာမေးပွဲစည်းကမ်းများနှင့် အညီ အောင်မြင်စွာကျင်းပပြီးစီး နိုင်ရေးအတွက် တာဝန်ရှိသူ အားလုံး အလေးထားဆောင်ရွက် ကြရန်မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ပင်မဆောင်၊ လက်တွေ့ခန်း များ၊ အဆောင်များ၊ တက္ကသိုလ် ဥပဓိရုပ်တင့်တယ်စေရေးဆောင် ရွက်ထားမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို အမျိုးသားရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင် အောင်ဆောင်ရွက်ရာတွင် အဓိက စွမ်းအားစုများအဖြစ် အထောက် အပံ့ပြုနိုင်မည့် အရည်အသွေး ပြည့်မီသော မျိုးဆက်သစ်အင်ဂျင် နီယာကောင်းများ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး၊ နောက်ဆုံးပေါ် နည်းပညာ အရွေ့တို့နှင့်အတူ လိုက်ပါနိုင်ပြီး ပြည်သူ့အကျိုး ပြုသုတေသနများဖြင့် ရှင်သန် သက်ဝင်နေသော တက္ကသိုလ် ရပ်ဝန်းဖြစ်လာစေရေး အလေး ထားဆောင်ရွက်ရန် တိုက်တွန်း မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိ ကာ စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆို နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တိုင်းကျိုး ပြည်ပြု IT သုတေသန စီမံကိန်းများကို ထိရောက် အောင်မြင်စွာ ပူးပေါင်းဆောင် ရွက်ရေး၊ နိုင်ငံတော်က အားထား ရသော ထူးချွန်သည့် IT ပညာရှင် များမွေးထုတ်ပေးနိုင်ရေး၊ ပြည်သူ့ ရေရှည်အကျိုးစီးပွားအတွက် IT ဆန်းသစ်တီထွင်မှုများ ဖွံ့ဖြိုး တိုးတက်လာရေးနှင့် သုတေသန ရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားရန် တိုက်တွန်းမှာကြား ပြီး ပင်မဆောင်တည်ဆောက်ရေး လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး ကာ နိုင်ငံတကာအဆင့်မီစေရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်း ပြီးစီးအောင် တည်ဆောက်ရေးနှင့် လိုအပ်သည်များကို မှာကြား ကြောင်း သိရသည်။
သတင်းစဉ်