ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် အစားအသောက်ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ တက်ရောက်

 

နေပြည်တော်   ဧပြီ   ၁၃


သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့ နံနက်ပိုင်း က    နေပြည်တော်   နည်းပညာ တက္ကသိုလ်၌ ကျင်းပသည့် အစား အသောက်   ဘေးကင်းလုံခြုံရေး အခြေခံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့ တက်ရောက် သည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံ တော်က ချမှတ်ထားသော အမျိုး သားရေး ရည်မှန်းချက်ဖြစ်သည့်    စားရေရိက္ခာဖူလုံရေးကို အထောက် အကူပြုနိုင်ရေး၊ လူမှုရေး   ဦးတည် ချက်ဖြစ်သည့်   တစ်မျိုးသားလုံး        သက်ရှည်ကျန်းမာ    ကြံ့ခိုင်ရေး အတွက် ကျန်းမာရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး၊       ဒေသထွက် တန်ဖိုးမြှင့် MSME စားသောက် ကုန်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံ ရေးသည်   အခြေခံအချက်တစ်ခု ဖြစ်ပါကြောင်း၊ Food  Science and Technology    နှင့်   Food Security ဆိုင်ရာ သင်တန်းများနှင့် အသိပညာပေးပွဲများ၊       နှီးနှော ဖလှယ်ပွဲများကို   ယခုထက်   ပိုမို ကျယ်ပြန့်    ထိရောက်အောင် ဆောင်ရွက်သွားမည်     ဖြစ်ပါ ကြောင်း။
သင်တန်းသားများအနေဖြင့် ယခုသင်တန်းက လေ့လာသိရှိခဲ့ရ သည့် အစားအသောက် ဘေးကင်း လုံခြုံရေးဆိုင်ရာ အသိအမြင်များ ကို  သက်ဆိုင်ရာလုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိလျှင် အကျိုးရှိ စွာ ပြန်လည်အသုံးချခြင်းအပြင် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်ဝန်း ကျင်ရှိ အခြားလုပ်ငန်းရှင်များနှင့် ပြည်သူများထံ ဆက်လက်ဖြန့်ဝေ ပေးရန် လိုအပ်ပါကြောင်း၊ မကြာမီ ကျရောက်တော့မည့် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာ     နှစ်သစ်မင်္ဂလာ အခါသမယမှစ၍   လုပ်ငန်းများ အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း  ပြောကြားသည်။ 
ယင်းနောက် ဒုတိယဝန်ကြီး သည် တာဝန်ရှိသူများထံ စာကြည့် တိုက်အတွက် ဘာသာရပ်ဆိုင်ရာ စာအုပ်များ လှူဒါန်းပေးအပ်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သည် သင်တန်းသား၊ သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် များ ပေးအပ်ကြသည်။ ထို့နောက် သင်တန်းသားများ    ကိုယ်စား နေပြည်တော်မှ       ရာပြည့်မျှစ် ထုတ်လုပ်ရေး    လုပ်ငန်းရှင်နှင့် သင်တန်းသူများကိုယ်စား စိုက်ပျိုး ရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲ၊ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲ ခန်း(နေပြည်တော်)မှ  တာဝန်ရှိ သူတစ်ဦးက ကျေးဇူးတင်စကား များ ပြောကြားကြသည်။ 
ဆက်လက်၍ ဒုတိယဝန်ကြီး သည်     အင်ဂျင်နီယာဌာနများရှိ အလုပ်ရုံများကို   လည်းကောင်း၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်စေ ရေး   ဆောင်ရွက်ထားမှု   အခြေ အနေများကို    လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ    မှာကြားကြောင်း    သိရ သည်။


 သတင်းစဉ်