ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည်   ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်နည်းပညာတက္ကသိုလ်တွင်   သင်ကြား၊ သင်ယူခြင်း   ဆောင်ရွက်နေမှုများကို     ကြည့်ရှု စစ်ဆေးသည်။ 

 


ဦးစွာ အစည်းအဝေးခန်းတွင် တာဝန်ရှိသူများက တက္ကသိုလ်ရှိ သင်တန်းများဖွင့်လှစ်နေမှုကို တင်ပြကြ ပြီး အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်   ဒေါ်နွယ်နီက       ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက      ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးနှင့်     ပြည်သူများ၏ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးမှုသည်    အခရာကျကြောင်း၊ နိုင်ငံတော်၏    အမျိုးသားအကျိုးစီးပွား    ဖွံ့ဖြိုး တိုးတက်ရန်အတွက်    နိုင်ငံတော်ရှိ    စီမံကိန်းနှင့် လုပ်ငန်းစဉ်များအား        သိပ္ပံနှင့် နည်းပညာဖြင့် အထောက်အကူပြုနိုင်ရေး  ဆောင်ရွက်ရန်၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု  မဟာဗျူဟာစီမံကိန်း ၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊    အသေးစား၊    အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်းများ   (MSME)  ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ ပံ့ပိုးပေး နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ အင်ဂျင်နီယာ အရည်အသွေးပြည့်ဝသော ပညာတတ်၊ ပညာရှင်များ စဉ်ဆက်မပြတ်   မွေးထုတ်ပေးနိုင်ရေး    ကြိုးပမ်း ဆောင်ရွက်ရန်၊  ခေတ်မီသင်ကြားသင်ယူမှုနည်းစနစ် များကို  ထိရောက်စွာအသုံးပြုရန်၊ အထက်/အောက် မိသားစုသဖွယ်    ရင်းနှီးပွင့်လင်းစွာ   တက္ကသိုလ်ရှိ လုပ်ငန်းများ  အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်   အစဉ်တိုးတက်နေရေး     ဆောင်ရွက် ရန်၊   သုတေသနများဖြင့်   ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး အလေးအနက်ပြု ဆောင်ရွက် ရန်၊ နိုင်ငံ့အကျိုးပြုသုတေသနများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊  အရည်အသွေးမြင့် သုတေ သနစာတမ်းများရရှိရေး   ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားကာ      လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

 


ယင်းနောက်      ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Language Lab ၊  ကွန်ပျူတာခန်း ခေတ်မီသုတေသန ဓာတ်ခွဲခန်းများ၊  သင်ကြားသင်ယူမှု အထောက်အကူ ပြုစနစ် (Learning Management System-LMS) ကို အသုံးပြုကာ အေးချမ်းစွာ  ပညာသင်ကြားလျက် ရှိသော ကျောင်းသား ကျောင်းသူများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  

   
 သတင်းစဉ်