ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန(အေလာ)ရှိ နိုင်ငံ့အကျိုးပြုသုတေသနလုပ်ငန်းများနှင့် ရလဒ်များ ကြည့်ရှုစစ်ဆေး

နေပြည်တော်    မေ   ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး   ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ)သို့ ရောက်ရှိပြီး  ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးက     နိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးအတွက်    Electric Vehicle (EV) သုံး လီသီယမ်ဘက်ထရီ ဒြပ်ပေါင်းများ   စမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘက်ထရီများ   စီမံခန့်ခွဲခြင်းနှင့် လျှပ်စစ်စွန့်ပစ် ပစ္စည်း(E-Waste)များမှ အဖိုးတန်သတ္တုများ  စမ်းသပ်ထုတ်လုပ် ခြင်းဆိုင်ရာသုတေသနများကို ထိရောက် စွာဆောင်ရွက်ရန်၊    ဓာတ်ခွဲခန်းများ စံအရည်အသွေးမြင့်မားရေးနှင့်  ပြည်သူ များအတွက်    အမှန်တကယ်အလုပ် အကျွေးပြုနိုင်သည့် စွမ်းရည်မြင့်ဝန်ထမ်း ကောင်းများဖြစ်စေရေး    အလေးထား ဆောင်ရွက်သွားရန်၊  မျိုးဆက်သစ်သုတေ သီများ  ပေါ်ထွန်းလာစေရေး    စဉ်ဆက် မပြတ်ပျိုးထောင်ပေးသွားရန်၊   သုတေ သနရလဒ်နှင့်နည်းပညာများကို   သက်ဆိုင် ရာဌာနများသို့   ဖြန့်ဝေလွှဲပြောင်းပေးနိုင် ရေးကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ် ကြောင်း တိုက်တွန်းမှာကြားပြီး    ဝန်ထမ်း များ၏အခက်အခဲတင်ပြမှုများကို ဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 
ထို့နောက်    ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများအား နည်းပညာ/သုတ/ရသစာအုပ်များနှင့် သုတေသနဂုဏ်ပြုဆု များ၊ ဝန်ထမ်းမိသားစုဝင် ကျောင်းသားများ အတွက် ကျောင်းသုံးပစ္စည်းများကို ပေးအပ် ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် သတ္တုရိုင်း သန့်စင်ထုတ်လုပ်ရေးဌာနတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ   ကြာ မှောက်ကြာလှန်ဧရိယာမှ ရွှေစင်ရွှေပြား များကို ပြန်လည်သန့်စင်၍  ရွှေစင်နှင့်   ကြေးပြန်လည်ထုတ်ယူခြင်းနှင့်     EV ဘက်ထရီတွင် ထည့်သွင်းအသုံးပြုနိုင် သော သတ္တုနှင့် ဒြပ်ပေါင်းများထုတ်လုပ် ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် ရလဒ်များ၊ ဇလသတ္တုဗေဒဌာနတွင် လီသီ ယမ်အိုင်းယွန်းဖော့စဖိတ် စမ်းသပ်ထုတ် လုပ်ခြင်း၊ E-Waste များမှ နီကယ်၊ ဇင့်နှင့် သံဖြူတို့ ပြန် လည်ထုတ်ယူခြင်း၊ စွန့်ပစ် လီသီယမ်အိုင်းယွန်းဘက်ထရီများမှ လီသီယမ်ဒြပ်ပေါင်းနှင့်  ကိုဘော့ဒြပ်ပေါင်း များထုတ်ယူခြင်း သုတေသနလုပ်ငန်းများ နှင့် ရလဒ်များ၊ သံ၊ သံမဏိနှင့် သတ္တုစပ် ထုတ်လုပ်ရေးဌာနတွင်   ဖယ်ရိုမဂ္ဂနိစ် (Ferro Manganese) သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုနှင့်ရလဒ်များ၊   အရည် အသွေးစစ်ဆေးရေးဌာနနှင့် အခြားဌာန များတွင်   သုတေသနလုပ်ငန်းများနှင့် ရလဒ်များကို ကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများကို  လိုအပ်သည်များ  မှာကြား ခဲ့ကြောင်း သိရသည်။  
သတင်းစဉ်