
တံတားဦး စက်တင်ဘာ ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်သည် ယနေ့နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး တံတားဦးမြို့ရှိ အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဝန်ထမ်း များနှင့်တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ထိတွေ့ရာတွင် ဆက်ဆံ ရေး ကောင်းမွန်ပြေပြစ်ရေး၊ လုံခြုံရေး ကောင်းမွန်ရေး၊ ID နှင့် ပတ်သက်သည့် နည်းပညာများ လေ့လာရေး၊ ထို့အပြင် ဘာသာစကားနှင့်ပတ်သက်ပြီး ကျွမ်းကျင် ရေး၊ အမြဲလေ့လာရေးတို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ မန္တလေး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင် မောင်ကြည်နှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးအပြည် ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ ပြည်ပ ထွက်ခွာ ကောင်တာ၊ ပြည်ပဆိုက်ရောက် ကောင်တာ၊ ဒေတာစင်တာခန်းနှင့် ဆိုက်ရောက်ပြီး ထုတ်ပေးရေး ဗီဇာရုံးခန်း တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေး ကြောင်း သိရသည်။
ဦးရဲတင့် (ပြန်/ဆက်)