
နေပြည်တော် မတ် ၂၂
EV ဆိုင်ရာ အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲကို မတ် ၂၀ ရက် နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ EV ဆိုင်ရာ ပြင်ပအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များက ဟောပြောပို့ချကြရာ ကျောင်းသား ကျောင်းသူများအပါအဝင် တက်ရောက် လာသူများက သိရှိလိုသည်များကို ရင်းနှီးပွင်းလင်းစွာ မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟောပြော ပို့ချကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ပြီး EV အလုပ်ရုံတွင် EV ဆိုင်ရာ သင်ထောက်ကူ စက်ပစ္စည်းများနှင့် ဆိုလာကားပါကင်ရှိ EV အားသွင်း စနစ်ကို ကျောင်းသား ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာနေမှုများကို ကြည့်ရှုအားပေးကာ နိုင်ငံတကာ ၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသော EV အားသွင်း စနစ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်းကာ အဖွဲ့လိုက် အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည် များကို ကြည့်ရှုအားပေးပြီး ယနေ့သိရှိသမျှကို အခြေခံကာ လေ့လာမှုများကို ဆက်လက်ဆောင် ရွက်ရန် အခြားသူများအသိပညာတိုးပွားစေရေး ဆင့်ပွားမျှဝေပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဌာနများရှိ အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ အဆောင် များတွင် ကျောင်းသား ကျောင်းသူများကို ရင်းရင်း နှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အနာဂတ်၌ နိုင်ငံ့တာဝန် များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူငယ်များ ဖြစ်၍ ကျောင်းသားဘဝ တန်ဖိုးရှိသောအချိန်များကို အကျိုးရှိစွာ အသုံးချကြရန်၊ ပြည်သူများက အမှန်တကယ်အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်နည်းပညာရှင်များ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းဘောလုံးကွင်းနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်