ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များနှင့် ရှေးဟောင်းဇုန်အတွင်း ပါဝင်သည့်လမ်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်     မေ     ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်  တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များသို့ သွားသည့် လမ်းများ၊  အထင်ကရနေရာများသို့ သွားသည့်လမ်းများနှင့်  ရှေးဟောင်းဇုန်အတွင်းပါဝင်သည့် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိလမ်းများ   သပ်ရပ်ကောင်းမွန်စေရေးနှင့်  အဆင့်မြှင့်တင်ရေးအတွက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။    
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက်    ဒုတိယဝန်ကြီး နှင့်အဖွဲ့သည်           ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၌ကျင်းပသော   ပုဂံရှေးဟောင်း ယဉ်ကျေးမှု      နယ်မြေအတွင်းရှိ လမ်းများ သပ်ရပ်ကောင်းမွန်စေ ရေးနှင့်       လမ်းအဆင့်မြှင့်တင် ရေး    ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များကို လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ 
ပြန်လည်တူးဖော်
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ပြန်လည်တူးဖော်ထိန်းသိမ်း ပြီးစီးခဲ့သည့်    ဖျောက်ဆိပ်ပင် ကျေးရွာရှိ    ဖျောက်ဆိပ်ပင်ကန် အမှတ် (၁၊ ၂၊ ၃)၊  ဖိုးသူတော်ကန်၊ မြောက်တစ်ဝက်ကန်၊     ကိုမောက် ကန်၊ ကန်သစ်ကြီးကန်နှင့် သူဌေး ကန်ကျေးရွာရှိ  သူဌေးကန်တို့ကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ယနေ့နံနက်ပိုင်းတွင်  ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်    နယ်စပ် ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက် မည့်  တုရင်တောင်မှ ဧရာဝတီမြစ် အတွင်းသို့   စီးဝင်သည့်    တုရင် တောင် - ဝက်ကြီးအင်းချောင်း - ဧရာဝတီမြစ် ရေလမ်းကြောင်း(၂) ဆောင်ရွက်မည့် အခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
 သတင်းစဉ်