
ပူတာအို ဇန်နဝါရီ ၂၉
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူး လေယာဉ်ဖြင့် နေပြည်တော်မှ ကချင် ပြည်နယ် ပူတာအိုမြို့သို့ရောက်ရှိရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲသုတေ သန ဓာတ်ခွဲခန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေး ပညာပေးပြခန်းတို့ကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်းတို့က ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် က မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ သဘာဝထိန်းသိမ်း ရေးနယ်မြေဆိုင်ရာများ၊ ပူတာအိုခရိုင် ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေ၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆိုင်ရာအချက်အလက်များ၊ ဥယျာဉ် အတွင်း ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိမှု အခြေအနေ၊ ဥယျာဉ်စီမံအုပ်ချုပ်မှု အခြေအနေ၊ သုတေသနအခွင့်အလမ်း များနှင့် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
လမ်းညွှန်မှာကြား
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက အပူပိုင်း သစ်တောများမှ အအေးပိုင်းသစ်တော များအထိ တည်ရှိပေါက်ရောက်နေ သော ကွဲပြားခြားနားသည့် သစ်တော အမျိုးအစား၊ ပေါက်ရောက်သည့် အပင်မျိုးစုံနှင့် ကျက်စားနေကြသည့် တောရိုင်း တိရစ္ဆာန်မျိုးစုံတို့ကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားရေး၊ ဧရာဝတီမြစ်၏ ရေဝေဖြစ် သည့် မလိခမြစ် မြစ်ဖျားခံရာဒေသ အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး၊ အပင်နှင့် တိရစ္ဆာန် မျိုးစိတ်သစ်များ ရှာဖွေဖော်ထုတ်နိုင် ရန် ကြိုးပမ်းဆောင်ရွက်သွားရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွား နိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတ သည် ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။
ထို့နောက် ဒုတိယသမ္မတသည် ခါကာဘိုရာဇီ ဒေသရင်း သစ်ခွမျိုးစိတ် ခြံကို ကြည့်ရှုလေ့လာရာ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တောအုပ်ကြီး ဒေါ်အယ်လ်ကေစီယွန်း တို့က ရှင်းလင်းတင်ပြကြသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ် များဖြင့် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့ သို့ရောက်ရှိကြပြီး မြို့နယ်ခန်းမ၌ ဒုတိယသမ္မတ က ခေါင်လန်ဖူးမြို့နယ် အတွင်းရှိ အိမ်ထောင်စု ၈၉၅ စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ရှစ်ပြည်၊ ၁ လီတာဝင် ဆီ တစ်ဘူး၊ ဆား ၂၅ ကျပ်သားစီကို မြို့မိမြို့ဖများ ဖြစ်ကြသည့် ဦးဆာရ်ဝမ်ဖေရမ်နှင့် ဦးဂျေဇာဒီး တို့ကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၇၂ ဦး အတွက် ကျောင်းဝတ်စုံ ၄၇၂ စုံနှင့် ဗလာစာအုပ် ၄၇၂ ဒါဇင်ကို ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသား များကိုယ်စား မြို့နယ်ပညာရေးမှူး ဦးစိုးနီ ကို လည်းကောင်း၊ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်စု ၈၃ စုအတွက် တစ်အိမ်ထောင်လျှင် ငါးခြောက် ၂၅ ကျပ်သားစီကို ဝန်ထမ်းအိမ်ထောင်စု များကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း ကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဒေသခံတိုင်းရင်း သားများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ထောက်ပံ့ သည့် စားသောက်ဖွယ်ရာများနှင့် တပ်မတော်စက်ရုံထုတ် လူသုံးကုန် ပစ္စည်းများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် အောင်မျိုးဦးက ခေါင်လန်ဖူး မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ် သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် ဒုတိယသမ္မတ သည် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် ဖုလုံးကျေးရွာသို့ ရောက်ရှိပြီး မေခမြစ်ကူး ရီဒမ်းကြိုးတံတားကို ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ခေါင်လန်ဖူး - မဂွေဇလမ်း စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင် က ခေါင်လန်ဖူး-မဂွေဇ လမ်း (၆၅/၄) မိုင်အတွင်းရှိ လမ်း (၀/၀) မိုင်မှ (၅၈/၀) မိုင်အထိ မြေသား လမ်းဖောက်လုပ်မှု၊ (၀/၀) မိုင်မှ (၅၈/၀) မိုင်အကြားရှိ ကျောက်ခင်း လမ်း (၄၄/၀) မိုင် ဆောင်ရွက်ပြီးစီးမှု၊ ကွန်ကရစ်တံတား ၂၈ စင်း ဆောင် ရွက်မှု၊ Box Culvert ၁၆၅ စင်း ဆောင်ရွက်မှု၊ ကျောက်စီရေမြောင်း ၁၆၉၉၅ ပေ ဆောင်ရွက်မှုနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင် ရွက်မည့် မြေသားလမ်း၊ ကျောက်ခင်း လမ်းနှင့် တံတားတည်ဆောက်မည့် အခြေအနေများကို လည်းကောင်း၊ တံတားဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးစောဇာနည်လှ က မဂွေဇ- ခေါင်လန်ဖူးလမ်းပေါ်ရှိ တံတားအမှတ် (၁/၄၄) ရီဒမ်း တံတားတည်ဆောက် မည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ခေါင်လန်ဖူးဒေသသည် ရာသီဥတု ဆိုးရွားပြီး တောတောင်ထူထပ်ကာ အတက်အဆင်း အကွေ့အကောက် များပြားသဖြင့် မဂွေဇ - ခေါင်လန်ဖူး လမ်း ဖောက်လုပ်ရာတွင် ဘေး အန္တရာယ်ကင်းရှင်းရေးကို အထူး ဂရုပြုဆောင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း အချိန်မီပြီးစီး ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန က စတင်တည်ဆောက်လျက်ရှိသည့် မေခမြစ်ကူး ရီဒမ်းတံတားသစ် အတွက် လိုအပ်သည့် ၂၄ ပေအရှည်ရှိ သံမဏိသံပေါင်များနှင့် ရက်မများ သယ်ယူမည့်ယာဉ်ကြီးများ အန္တရာယ် ကင်းရှင်းစွာ သယ်ယူပို့ဆောင်နိုင်ရန် အတက်အဆင်း မတ်စောက်သည့် နေရာများတွင် ဖြေလျှော့ရေးနှင့် အကွေ့အကောက် ကျဉ်းမြောင်းသည့် နေရာများကို ချဲ့ထွင်ပေးနိုင်ရေးတို့ အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယသမ္မတ သည် မဂွေဇ - ခေါင်လန်ဖူး လမ်း တည်ဆောက်ပြီးစီးမှုနှင့် ထပ်မံ တည်ဆောက်မည့် ရီဒမ်းတံတားသစ် နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆန်းလွတ်ချက် တောင်ကြားမှ မဂွေဇ- ခေါင်လန်ဖူးလမ်း ဖောက်လုပ်လျက် ရှိသည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် လမ်းဖောက်လုပ်နေသည့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ရုံးမှ အရာရှိစစ်သည်များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် ရဟတ်ယာဉ်များဖြင့် ဆန်းလွတ်ချက် တောင်ကြားမှ ပူတာအိုမြို့သို့ ပြန်လည်ရောက်ရှိ ကြပြီး မူလာရှီးဒီ ကြိုးတံတားကို ကြည့်ရှုလေ့လာသည်။
သတင်းစဉ်