
======================================
ပူတာအို ဇန်နဝါရီ ၃၀
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် နှင့် ဒေါက်တာရဲမြင့်ဆွေ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် မချမ်းဘော မြို့ရှိ ဂူဘားရိပ်သာသို့ ရောက်ရှိခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ် ရေးမှူး ဦးသန့်ဇင်က ဂူဘားရိပ်သာ၏ သမိုင်းကြောင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ များအား လိုက်လံရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတက သမိုင်းဝင်အဆောက်အအုံဖြစ်သဖြင့် ရေရှည် တည်တံ့စေရေးအတွက် စနစ်တကျထိန်းသိမ်းဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် မချမ်းဘောမြို့နယ် ခန်းမ တည်ဆောက်ပြီးစီးမှုအခြေအနေများ အား ကြည့်ရှုစစ်ဆေးရာ တော်ဝင် မြစ်ကြီးနား ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူတစ်ဦးက လိုက်လံရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ် များဖြင့် ပူတာအိုမြို့မှ နောင်မွန်မြို့သို့ ထွက်ခွာပြီး နောင်မွန်မြို့ရှိ ခါကာ ဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသန ရှေ့တန်းစခန်းရုံးသို့ ရောက်ရှိကြရာ စခန်းတာဝန်ခံ ဦးအောင်မြတ်စိုးက စခန်းဆိုင်ရာ အချက်အလက်များ၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အတွင်း၌ ငှက်မျိုးစိတ်များနှင့် တောရိုင်း တိရစ္ဆာန်များ နေထိုင်ကျက်စားနေမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် နှင်း ကျားသစ်များ နေထိုင်ကျက်စားမှု ရှိ/မရှိကို လေ့လာဆောင်ရွက်နေမှုအခြေ အနေများ၊ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အတွင်းတွေ့ရှိရသည့် ဆေး ဖက်ဝင်အပင်များနှင့် ၎င်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများအား သုတေသနဆောင်ရွက်နေမှုအခြေအနေများတို့ကို ရှင်းလင်းတင်ပြရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တို့က လိုအပ် သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပူတာအို - နောင်မွန်- ပန်နန်းဒင် လမ်း ဖောက်လုပ်နေမှုအခြေအနေများနှင့် ပန်နန်းဒင် - ငါဝါကျေးရွာ - ဂဝိုင် ကျေးရွာတို့အား လမ်းဖောက်လုပ်သွား မည့်အစီအမံများကို ရှင်းလင်းတင်ပြ သည်။
ထိန်းသိမ်းစောင့်ရှောက်
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက တာဝန်ထမ်းဆောင်နေသောဝန်ထမ်း များအနေဖြင့် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအောင်မြင်အောင် ဆောင်ရွက်ရာတွင် ဒေသခံတိုင်းရင်း သားများနှင့်အတူ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နိုင်ငံ ၏ ထူးခြားလှပသော ရေခဲတောင် ဂေဟစနစ်နှင့် ရှားပါးပြီးအဖိုးတန် သော သဘာဝသယံဇာတများဖြစ်သည့် ဇီဝမျိုးစုံမျိုးကွဲ တောရိုင်းတိရစ္ဆာန် များနှင့် အပင်များကို ထိန်းသိမ်း စောင့်ရှောက်သွားရန် လမ်းညွှန် မှာကြားသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် နောင်မွန်မြို့ဖွံ့ဖြိုးတိုးတက် နေမှုအခြေအနေများကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု သည်။
ထို့နောက် ဒုတိယသမ္မတသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ပန်နန်းဒင်မြို့ရှိ ဒေသခံပြည်သူများ အတွက် ဆန်အိတ် ၂၀၀ ထောက်ပံ့ ပေးအပ်ရာ ပန်နန်းဒင်မြို့ အုပ်ချုပ် ရေးမှူး ဦးနေမင်းထွန်းနှင့် ဒေသခံ များက လက်ခံရယူကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် နောင်မွန်မြို့မှ ပူတာအိုမြို့ သို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြပြီး ထိုမှ တစ်ဆင့် တပ်မတော် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။
သတင်းစဉ်