
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
=========================================================
ဖလမ်း ဩဂုတ် ၁၃
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု စစ်ဆေးရန် ချင်းပြည်နယ်၌ ရောက်ရှိ နေသည့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း စံကိုက်ကျောင်းဆောင်၊ တွန်းဇံမြို့ရှိ Cyclone Shelter ဆောက်လုပ်နေမှု၊ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ တိုးချဲ့တည်ဆောက်နေ မှုနှင့် ဗားရ်တံတားအမှတ်(၂) တည်ဆောက်နေမှုတို့အား ယနေ့ ကြည့်ရှုစစ်ဆေးသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တီးတိန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စံကိုက်ကျောင်းဆောင် တည်ဆောက်
b ကျောဖုံးမှ
ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ကျောင်းအုပ် ကြီး ဦးအင်ခန်းမုန်တို့က လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အဆိုပါကျောင်း Multi- fuctional Hall ၌ တီးတိန်မြို့မိမြို့ဖ များနှင့် တွေ့ဆုံသည်။
မဲစာရင်းများ ရရှိနိုင်ရေး
ရှေးဦးစွာ သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ် ခြင်းအခမ်းအနား ကျင်းပရာ ဒုတိယ သမ္မတက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲပေးနိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်း စီမံချက်များ ရေးဆွဲဆောင်ရွက်လျက် ရှိပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှဝန်ထမ်းများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေကြပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာများတွင် ဆန္ဒမဲစာရင်းများ ကို အများပြည်သူသို့ ထုတ်ပြန်ကြေညာ ထားပါကြောင်း၊ ထုတ်ပြန်ထားသည့် ဆန္ဒမဲစာရင်းများကို ပြန်လည်ကြည့်ရှု သည့်အခါ အချို့နေရာများတွင် မဲစာရင်းလိုအပ်ချက်များ ရှိနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မှန်ကန်သည့် မဲစာရင်းများရရှိနိုင်ရေး သည် လွန်စွာအရေးကြီးပါကြောင်း၊ အထူးအလေးထား ဆက်လက်ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ သက်ဆိုင် ရာ တိုင်းဒေသကြီး၊ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရုံးများအနေဖြင့် သာမန်ရွှေ့ ပြောင်းနေထိုင်သူများ၊ ယာယီရွှေ့ပြောင်း နေထိုင်သူများ၏ လိုအပ်ချက်များဖြစ် သည့် တရားဝင်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် တစ်မျိုးမျိုးကို သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ပေးနေပါကြောင်း၊ ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် တာဝန် ရှိသူများအနေဖြင့် တက်ညီလက်ညီ ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ဝန်ကြီး ချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည် နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ကြိုင်တို့က ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ကြသည်။
လိုက်နာဆောင်ရွက်
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတက မိုးရာသီကာလ အတွင်း တစ်နေရာမှ တစ်နေရာသို့ သွားလာရန်ခက်ခဲသည့် ချင်းပြည်နယ် အတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ရန် လာရောက်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အားထုတ် ကြိုးပမ်းဆောင်ရွက်နေသည့် ကာလ တွင် တစ်ကမ္ဘာလုံးအတွက် စိန်ခေါ်မှု ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးကြီးကို ရင်ဆိုင်ကြုံတွေ့နေရပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရ၊ နိုင်ငံ့ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပြည်သူပြည်သားများ၏ ကြိုးပမ်း အားထုတ်မှုများကြောင့် ကမ္ဘာတွင် ကာကွယ်ထိန်းချုပ်နိုင်သည့် အဆင့် တစ်ခု၌ ပါဝင်ရပ်တည်နေပါကြောင်း၊ မည်သည့် ဘေးအန္တရာယ်ပင်ဖြစ်စေ ကာမူ အစိုးရနှင့်ပြည်သူ တက်ညီ လက်ညီ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ချမှတ်ထားသည့် စည်းကမ်း များနှင့် လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် နိုင်ငံသား မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံး ရှုံးစေရေးသည် အရေးကြီးပါကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ၅ နှစ် တွင် တစ်ကြိမ်သာ ရရှိသည့်အခွင့် အရေးဖြစ်သည့်အတွက် မဲပေးခွင့်ရှိသူ များ မဲမပေးနိုင်သည့် အဖြစ်မျိုးမဖြစ် စေရန် သေချာစွာဝိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းတွင် မိမိအမည် ပါ၊ မပါ သွားရောက်စိစစ် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များအနေဖြင့် နှိုးဆော်ပေးကြရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကို စံချိန် စံညွှန်းမီ ရွေးကောက်ပွဲဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြား ချက်များနှင့်အညီ စနစ်တကျပါဝင် မဲပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် မြို့မိမြို့ဖဒေသခံ ပြည်သူ ဦးခင်ဆွင်းမုန်က ဒေသလိုအပ် ချက်များဖြစ်သည့် တီးတိန်မြို့ကို ခရိုင် မြို့အဖြစ် ဖွဲ့စည်းပေးနိုင်ရေး၊ မြို့ သောက်သုံးရေ ဖူလုံရေးအတွက် ၁၈ မိုင် ရေထွက်မှ ရေသွယ်ယူရရှိနိုင်ရေး၊ တီးတိန်ခုတင် (၁၀၀) ဆံ့ဆေးရုံကို ခုတင် (၂၀၀) ဆံ့ဆေးရုံအဖြစ် တိုးချဲ့ ဖွင့်လှစ်နိုင်ရေး၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား သွယ်တန်းရရှိ နိုင်ရေး၊ စက်မှုလက်မှုသိပ္ပံကျောင်း ဖွင့်လှစ်ပေးနိုင်ရေးနှင့် မြို့နယ်အဆင့်မြင့် ခန်းမဆောင် ဆောက်လုပ်ပေးနိုင် ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး များ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဦးခင်မောင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထောက်ပံ့ငွေပေးအပ်
ထို့နောက် ဒုတိယသမ္မတက ကိုဗစ်- ၁၉ ကာလတွင် ပူးပေါင်းပါဝင်ဆောင် ရွက်ပေးနေကြသည့် တီးတိန်မြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် တွန်းဇံမြို့ရှိ ပိုးစာခြံသို့ရောက်ရှိကြရာ ခြံမန်နေဂျာ ဦးဟရိန်ထောင်ထန်းက ခြံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် Multi Purpose Cyclone Shelter တည်ဆောက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဆလိုင်းထောင်က အဆောက်အအုံ ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် Multi Purpose Cyclone Shelter ရှင်းလင်းဆောင်၌ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်ဝန်ကြီး ဦးပေါင် လွန်မင်းထန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့က Multi Purpose Cyclone Shelter တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် Cyclone Shelter များ အခြေအနေ၊ Cyclone Shelter များတွင် ဆက်စပ် လုပ်ငန်းများဆောင်ရွက်နေမှု၊ အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တည်ဆောက်မှုလုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှု၊ တိုက်ပွဲရှောင်ပြည်သူများ အတွက် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်မှုနှင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကော်မတီသို့ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ တင်ပြထားရှိမှု တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။
အဆိုပါ Multi Purpose Cyclone Shelter အလျား ပေ ၆၀၊ အနံ ပေ ၇၀ ရှိပြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းနောက် ဒုတိယသမ္မတသည် တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့မိ မြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယသမ္မတက ဒေသ လိုအပ်ချက် တင်ပြထားသည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးလျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှု စစ်ဆေးရန်နှင့် ထပ်မံဖြည့်ဆည်းရန် လိုအပ်ချက်များကို သိရှိနိုင်ရန် လာရောက်ရခြင်း ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ချင်း ပြည်နယ်သို့ လာရောက်ခဲ့သည့် ယခင် ခရီးစဉ်များထက် အားရကျေနပ်မှု ရှိပါကြောင်း၊ တွန်းဇံမြို့သည် ချင်း ပြည်နယ်၏ အစွန်အဖျားနယ်စပ် ဒေသအနီးတွင် တည်ရှိသဖြင့် ဖွံ့ဖြိုး ရေးလိုအပ်ချက်များကို အခြားဒေသ များထက် ပိုမိုအာရုံစိုက် လုပ်ဆောင် ပေးလျက်ရှိနေပါကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ အကန့်အသတ် ဖြင့် ဆောင်ရွက်နေရပါကြောင်း၊ မိမိ တို့နိုင်ငံအပါအဝင် ကမ္ဘာတွင်ဖြစ်ပွား နေသည့် ကိုဗစ်- ၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ပေးနေကြသူများကို ကျေးဇူးတင်ရှိပါ ကြောင်း။
တက်ညီလက်ညီဆောင်ရွက်
မကြာမီကျင်းပမည့် ရွေးကောက်ပွဲ အတွက် မဲစာရင်းများ မှန်ကန်ပြီး မဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရေး၊ နိုင်ငံတကာ အသိ အမှတ်ပြုသည့် အောင်မြင်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြည်သူလူထုအနေဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ထို့နောက် မြို့မိမြို့ဖ ဒေသခံပြည်သူ ဦးဂင်ဆွင်းမုန်က ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် တွန်းဇံမြို့ နယ် အနီးပတ်ဝန်းကျင်ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံ ရရှိရေးအတွက် ၂၈ မိုင်ရေထွက်မှ ရေသွယ်တန်းရရှိနိုင်ရေး၊ တွန်းဇံမြို့နှင့် ကျီခါးမြို့များသို့ မဟာဓာတ်အား လိုင်းမှ ဓာတ်အားသွယ်တန်းရရှိနိုင် ရေး၊ တွန်းဇံမြို့နှင့် ကျီခါးမြို့ရှိ ဆေးရုံ အဆင့် တိုးမြှင့်ပေးနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဦးတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယသမ္မတက ကိုဗစ် - ၁၉ ကာလတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနေကြသည့် တွန်းဇံ မြို့ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယသမ္မတသည် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံအတွင်း ခွဲစိတ်ခန်းနှင့် သားဖွားခန်းပါ တိုးချဲ့ နှစ်ထပ်လူနာဆောင်သစ် ဆောက်လုပ် နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက အဆောက် အအုံ တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ အဆောက်အအုံသည် အလျား ၉၅ ပေ၊ အနံပေ ၅၀ ရှိပြီး စီမံကိန်း တန်ဖိုးငွေကျပ် ၄၇၂ ဒသမ ၃၆ သန်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဒုတိယသမ္မတသည် မော်တော်ယာဉ်များဖြင့် မဏိပူရ် မြစ်ကူး၊ ဗားရ်တံတား(အရန်) တည်ဆောက်သည့် နေရာသို့ရောက်ရှိ ရာ ယာယီရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရွှေလေးနှင့် တံတား ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဝင်း တို့က တံတားလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဒုတိယသမ္မတသည် မဏိပူရ်မြစ်ကူး ၊ ဗားရ်တံတား(အရန်) တည်ဆောက်နေမှုအား ကြည့်ရှုစစ် ဆေးသည်။
ဗားရ်တံတား အမှတ်(၂) သည် တံတားအရှည် ၅၅၇ ဒသမ ၇၇ ပေ ရှိပြီး အကျယ်ပေ ၃၀ ရှိကာ ရေလမ်း ကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေ ရှိကြောင်း၊ သံကူကွန်ကရစ် အမျိုး အစားဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေကျပ် သန်း ၄၀၅၀ ဖြင့်တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအသုံးပြုလျက်ရှိသည့် ဗားရ် တံတားအမှတ်(၁) သည် ၂၀၁၅ ခုနှစ် ကိုမာန်မုန်တိုင်းတိုက်ခတ်စဉ် မဏိပူရ် မြစ်ရေကြီးမှုကြောင့် တံတားသံပေါင် အောက်ခြေအထိ မြစ်ရေတက်ခဲ့သဖြင့် တံတားကို ခေတ္တပိတ်ခဲ့ရသည်။ မြစ်ရေပမာဏပိုမိုတက်ရောက်ခဲ့ပါက ဗားရ်တံတားအတွက် အန္တရာယ်ရှိနိုင် ပြီး ကလေး-ဖလမ်း-ဟားခါး လမ်းမ ကြီး အဆက်အသွယ် ပြတ်တောက်မှု ဖြစ်ပေါ်လာနိုင်သဖြင့် ယခု တံတား အမှတ်(၂)ကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်