ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအားတောင်သူများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် လယ်ယာမြေများအားတောင်သူများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

============================================================

ရပ်စောက် ဇန်နဝါရီ ၁၄

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် ဗိုလ်ချုပ်မြင့်နွယ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် နေပြည်တော်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရပ်စောက်မြို့သို့ရောက်ရှိပြီး ရဿဝတီခန်းမ၌ ကျင်းပသည့် ရပ်စောက်မြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ် အပ်နှံသည့် လယ်ယာမြေများအား တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ -၇) လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက် သည်။

 

 

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်လည် စွန့်လွှတ်သည့် မြေများအား လက်ခံရယူကြမည့် တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတက တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဗထူး တပ်နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့် ကန်တော်မင် ဧရိယာ ၁၀၆၃၄ ဒသမ ၉၅၆ ဧကအတွင်းရှိ စိုက်ပျိုးမြေဧရိယာ ၅၁၈၄ ဒသမ ၇၀ ဧကကို မူလတောင်သူ ၁၁၁၆ ဦးထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များ ပေးအပ် သွားမည်ဖြစ်ပါကြောင်း။

ပမာဏအများဆုံး

စွန့်လွှတ်အပ်နှံမြေများအား မူလ တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ် ပွဲများကို မိမိကိုယ်တိုင် တက်ရောက်အားပေး ခဲ့ရာ ယခုအခမ်းအနားသည် (၂၄) ကြိမ်မြောက် ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်အပ်နှံသည့် မြေများအနက် ယခု အကြိမ်သည် ပမာဏအများဆုံးဖြစ်သည့် အပြင် မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလ အတွင်း ဌာနများမှ ပြန်လည်စွန့်လွှတ်အပ်နှံ ခဲ့သည့် မြေများတွင်လည်း ပမာဏအများဆုံး ဖြစ်သဖြင့် ပြန်လည် လွှဲအပ်ခြင်းအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပလိုသော်လည်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ် - ၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုကဲ့သို့ အကျဉ်းချုံးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကပ်ရောဂါမှ ကင်းဝေးလွတ်မြောက်စေ ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များကို တိကျစွာ လိုက်နာဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း။

 

စွန့်လွှတ်အပ်နှံမြေများ မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့်လွှတ်ထား ပြီးဖြစ်သော်လည်း မူလလက်ငုတ်နှင့် လက်ရှိ လက်ငုတ် အငြင်းပွားနေမှုများကြောင့် ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိရန် အချိန် ကြန့်ကြာနေမှုများကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အောက်ခြေမှ စိစစ်တွေ့ရှိချက်များ နှင့်မြေပြင်ပကတိအခြေအနေ ကွဲလွဲမှုမရှိစေ ရေးအတွက် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

စိစစ်တင်ပြလာသည့် အမှုတွဲများအနက် တင်ပြတိုင်ကြားသူ ကာယကံရှင်အား ယနေ့ အချိန်ထိ ဆက်သွယ်စုံစမ်းမရသည့် အမှုတွဲ များနှင့် လိပ်စာရှင်ရှာဖွေမတွေ့ရှိသည့် အမှုတွဲ များကိုလည်း တင်ပြတိုင်ကြားသူများ၏ အကျိုးစီးပွားနစ်နာမှု မရှိစေရေးအတွက် Notice Board တင်၍ တင်ပြခြင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာထည့်သွင်းခြင်း များဖြင့် တိုင်ကြားသူအပါအဝင် ဆွေမျိုးသား ချင်းနှင့် မိတ်ဆွေသင်္ဂဟများ သိရှိအောင်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

 

ဦးစားပေး

 

စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတွင် လယ်ယာမြေသည် လယ်သမားများအတွက် အသက်သွေးကြောဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လယ်သမားများအတွက် အသက်တမျှ အရေးကြီးလှသည့် လယ်ယာမြေ များ ပြန်လည်ရရှိရေးကို ဦးစားပေး အထူး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ ပါကြောင်း။

 

ပြန်လည်စွန့်လွှတ်သည့်မြေများ မူလတောင်သူများထံမြန်မြန်ရောက်ရှိပြီး စောစော အကျိုးခံစားနိုင်ရန် စိုက်ပျိုးရာသီအမီ အမြန်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပွင့်လင်းမြင် သာမှုရှိပြီး ရေရှည်ဖွံ့ဖြိုးမှုဖြစ်စေမည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျစိစစ် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။

 

တဖြည်းဖြည်းလျော့ကျလာမည်

ထိုသို့ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မဲ့၊ ယာမဲ့၊ အလုပ်အကိုင်အခွင့်အလမ်း မရှိသဖြင့် ကျေးလက်ဒေသများကို စွန့်ခွာသွားမှုများ၊ မြို့ကြီးပြကြီးများသို့ မိသားစုလိုက် ရွှေ့ပြောင်း ကျူးကျော်နေထိုင်မှုများ၊ ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက်လုပ်ကိုင်နေမှု များနှင့် မြန်မာပြည်မှ ခေတ်ပညာတတ် လုပ်ငန်းကျွမ်းကျင်မှုရှိသော လူ့စွမ်းအားအရင်း အမြစ်များ ပြည်ပသို့ ထွက်ခွာဆုံးရှုံးနေမှုများသည်လည်း တဖြည်းဖြည်းလျော့ကျလာမည် ဖြစ်ပါကြောင်း။

ယနေ့လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည် ရရှိကြသည့် တောင်သူများအနေဖြင့် နိုင်ငံ တော်အစိုးရ၏ အလေးထားဆောင်ရွက်ပေး နေမှုများကို နားလည်သိရှိပြီး မိမိတို့မိသားစု လူမှုစီးပွားဘဝများ

u စာမျက်နှာ ၃ မှ

ဖွံ့ဖြိုးတိုးတက်အောင် ရိုးသားကြိုးစားစွာ လုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ထို့အတူ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကာ အရည်အသွေးအဆင့်အတန်း မြင့်မားပြီး အထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ကျရာ အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း လိုပါကြောင်း။

လူမှုစီးပွားဘဝမြင့်မားလာစေရေး

နိုင်ငံတော်အစိုးရအနေဖြင့် ရေရှည် တည်တံ့သည့် လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့ပြင် လုပ်ကွက်ငယ် တောင်သူလယ် သမားများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည့် မြေများ တရားဝင်ပိုင်ဆိုင်နိုင်ရေး၊ လယ်ယာမဲ့ တောင်သူလယ်သမားများ အမှန်လုပ်ကိုင် ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်လွယ်ကူစွာ ရရှိရေး၊ ဒေသခံတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအရ သတ်မှတ်မြေများ၊ အများပြည်သူနှင့် တိုင်းရင်း သားများဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ် ရေးတို့အတွက် လက်ရှိအသုံးပြုထားသည့် မြေများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အဖြစ် ခွင့်ပြုချထားခြင်း မပြုစေရေးတို့အတွက် ၂၀၁၂ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၁ ရက် တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက် တွင်လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း။

ရရှိကြမည်

ယခုကဲ့သို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိကြသည့် တောင်သူများအနေဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပါ လယ်ယာမြေ ကို လုပ်ပိုင်ခွင့်နှင့် ယင်းမှပေါ်ထွက်လာသော အကျိုးအမြတ်ခံစားခွင့်များအပြင် သတ်မှတ် စည်းကမ်းများနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံ ခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်နှင့် အမွေဆက်ခံခွင့်များကိုလည်း ရရှိကြမည်ဖြစ်ပါ ကြောင်း။

ကျေးဇူးတင်အသိအမှတ်ပြု

ယခုကဲ့သို့သော စွန့်လွှတ်အပ်နှံမြေများကို မူလတောင်သူလယ်သမားများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်အောင် ကြိုးစားဆောင် ရွက်ပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများကို နိုင်ငံကိုယ်စား၊ လယ်ယာမြေနှင့် အခြားမြေ များ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ် ရေး ဗဟိုကော်မတီကိုယ်စား ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊ တောင်သူလယ်သမားကြီး များ အနေဖြင့်လည်း မိမိတို့ ပိုင်ဆိုင်လုပ်ကိုင် ခွင့်ရမြေယာများကို သားစဉ်မြေးဆက်တိုင် အဘက်ဘက်က တိုးတက်အောင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရင်း စားနပ်ရိက္ခာဖူလုံစေရုံသာမက ပြည်ပပို့ကုန် ထုတ်လုပ်တင်ပို့သူများအဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြော ကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည် နယ်အတွင်း စွန့်လွှတ်မြေများအနက် မူလ တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ - ၇)ပေးအပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗထူးတပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီးတင်နိုင်ဦးက တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးထံ စွန့်လွှတ်မြေများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ပြည်နယ် ဝန်ကြီး ဦးစိုင်းလုံကျော်နှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသက်နိုင်ဦးတို့က ဟွေးကျေးရွာ အုပ်စု၊ ဖောင်းတောကျေးရွာအုပ်စု၊ မကျီးကုန်း ကျေးရွာအုပ်စုနှင့် လွယ်ကိုးကျေးရွာအုပ်စုတို့မှ တောင်သူ ၁၁၁၆ ဦးကိုယ်စား တောင်သူများ အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) များပေးအပ်ကြသည်။

ကျေးဇူးတင်

ယင်းနောက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ - ၇) လက်ခံရယူကြသည့် တောင်သူများကိုယ်စား အင်းမှီးကျေးရွာမှ တောင်သူ ဦးကြည်ခိုင်စိုးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတက အခမ်းအနား သို့ တက်ရောက်လာကြသည့် တောင်သူများ အား နှုတ်ဆက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ရပ်စောက်မြို့မှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ရောက်ရှိကြရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။

အလှူငွေများပေးအပ်

ထို့နောက် ဒုတိယသမ္မတသည် သမိုင်းဝင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးသို့ ရောက်ရှိကာ စေတီတော် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးပြီး စေတီတော်ပြုပြင်မွမ်းမံ တည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ဒုတိယသမ္မတသည် သမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုပြီး အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်မွမ်းမံတည်ဆောက်လျက်ရှိသည့် စေတီ တော်ရင်ပြင် မြေထိန်းနံရံတည်ဆောက်နေမှု အား ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

 

ဆက်လက်၍ ဒုတိယသမ္မတသည် မော်လမြိုင်မြို့ ရေပေးဝေရေး အတ္ထရံမြစ်ရေတင် စီမံကိန်း Control Room သို့ ရောက်ရှိရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးတင်ကိုကိုနှင့် Modern World JV Sanli Environmental ( Myanmar) Co.,Ltd. မှ ဦးမြတ်ကိုကိုတို့က မော်လမြိုင်မြို့၏ လက်ရှိရေပေးဝေရေးဆောင်ရွက်နေမှုအခြေအနေ၊ အတ္ထရံ(၁) မြစ်ရေပေးဝေရေးလုပ်ငန်း အခြေအနေ၊ အတ္ထရံ(၂) ရေပေးဝေရေးလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယ သမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ရေပေး ဝေရေးစီမံကိန်းလုပ်ငန်း တည်ဆောက်ပြီးစီး မှုအခြေအနေများနှင့် စမ်းသပ်လည်ပတ်လျက် ရှိသည့်အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါစီမံကိန်းမှ တစ်နေ့လျှင် ရေဂါလန် ၄ ဒသမ ၈ သန်းကို မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်သို့ သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း တန်ဖိုးငွေကျပ် ၈ ဒသမ ၅ ဘီလီယံ ရှိကြောင်း သိရသည်။

 

သတင်းစဉ်