ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၂) သင်တန်းဆင်းပွဲနှင့် တရားသူကြီး တာဝန်ပေးအပ်လွှာများ အပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၉


ဒုတိယမြို့နယ်တရားသူကြီးများ  လုပ်ငန်းဝင်သင်တန်းအမှတ်စဉ် (၃၂) သင်တန်းဆင်းပွဲနှင့် တရားသူကြီး တာဝန်ပေးအပ်လွှာများ အပ်နှင်းခြင်း၊ ကျမ်းသစ္စာပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်   တရားရေးကောလိပ်၌   ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကား ပြောကြားသည်။


တက်ရောက်


အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ၊     အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယအမြဲတမ်းအတွင်းဝန်၊    ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊  ထူးချွန်ဆုရရှိသူများနှင့် သင်တန်း ဆင်း ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ကြသည်။


ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်


ထို့နောက် ဒုတိယမြို့နယ်တရားသူကြီးများ  လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၂)တွင်  ကင်းဝန်အသင်းဆုရရှိသူ သင်တန်းသူ ဒေါ်ဇေဇေဝါ လေးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီး  ဦးခင် မောင်ကြီးကလည်းကောင်း၊   ယောအသင်းဆုရရှိသူ   သင်တန်းသူ ဒေါ်ခင်မျိုးချစ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးကြည်သိန်းကလည်းကောင်း၊ ဦးမေအောင်အသင်းဆုရရှိသူ သင်တန်း သား ဦးရဲထက်အား   ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီး ဦးမျိုးမောင်ကလည်းကောင်း၊   ဒေါက်တာဘဦးအသင်း    ဆုရရှိသူ သင်တန်းသူ ဒေါ်သက်ထားအောင်အား ပြည်ထောင်စုတရားလွှတ်တော် ချုပ် တရားသူကြီး ဦးမျိုးတင့်ကလည်းကောင်း၊   ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်  (၃၂)တွင်  စံပြဆု ရရှိသူ သင်တန်းသူ ဒေါ်ဂျူးဂျူးစံအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


တာဝန်ပေးအပ်လွှာများအပ်နှင်း


ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်က  အသစ်ခန့်ထား သည့် ဒုတိယမြို့နယ်တရားသူကြီးများကို သက်ဆိုင်ရာမြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လွှာများ အပ်နှင်းရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား ဒုတိယမြို့နယ်တရားသူကြီး ဦးမျိုးသီဟဇော်က လက်ခံရယူပြီး  ဒုတိယမြို့နယ်တရားသူကြီးများ အဖြစ်  စတင်တာဝန်ထမ်းဆောင်မည့်  တရားရေးအရာရှိ  ၈၀ တို့က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းသစ္စာပြုခဲ့ကြကြောင်း သိရ သည်။                            

သတင်းစဉ်