
ဒါကာ မေ ၁၄
ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၎င်းတို့၏ ဒုတိယ မြောက် ဂြိုဟ်တုလွှတ်တင်နိုင်ရေးနှင့် ပတ်သက်ပြီး အရှိန်မြှင့် လုပ်ဆောင်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဂြိုဟ်တုကုမ္ပဏီ လီမိတက် (ဘီအက်စ်စီအယ်) က ပြော သည်။
၂၀၁၈ ခုနှစ်တွင် ပထမဆုံးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ပြီးနောက် ယခုအခါ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒုတိယမြောက် ဂြိုဟ်တုကို လွှတ်တင်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဘီအက်စ်စီအယ်ဥက္ကဋ္ဌဖြစ်သူ ရှာဂျီဟန် မာမွတ်က တနင်္ဂနွေနေ့တွင် ပြော သည်။
ဒုတိယမြောက်ဂြိုဟ်တုအတွက် သဘော တူညီချက်ကို လာမည့်နှစ်လမှ သုံးလအတွင်း အပြီးသတ်မည်ဖြစ်ပြီး ၎င်းကို နှစ်နှစ်မှ သုံးနှစ်အတွင်း လွှတ်တင်သွားဖွယ်ရှိကြောင်း ၎င်းက ပြောသည်။ ကမ္ဘာမြေလေ့လာ စောင့်ကြည့်ရေးဂြိုဟ်တုဖြစ်လာမည့် ဒုတိယ မြောက်ဂြိုဟ်တုကို သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ အရင်း အမြစ်များကို စီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင် ဆိုင်ရာ ပြောင်းလဲမှုများနှင့် အခြားအရာများ အကဲဖြတ်ရေးတို့တွင် အဓိကထား အသုံးပြု မည်ဖြစ်သည်။
ဆင်ဟွာ