ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၁
 
 
ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ တာဝေးစက်ဘီး အားကစား ကွင်း၌ ကျင်းပသည်။
 
 
တက်ရောက်
 
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
 
 
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မဲနှိုက်ရွေးချယ် ထားသော သတ်မှတ်နေရာများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည် တော် စည်ပင်သာယာရေးကော်မတီ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားပြု အသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည်။
 
 
ရှေးဦးစွာ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင်ရန် ပြင်ဆင်ထားရှိသည့် ပြိုင်ပွဲဝင်အသင်းများ၏ ဝတ်စား ဆင်ယင်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာကြောင်း ဆေးလက်မှတ်နှင့် ဝန်ထမ်းစိစစ်ရေးကတ်၊ ထမနဲထိုးရာ တွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းထားရှိမှုကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီက လိုက်လံစစ်ဆေးအမှတ်ပေးကြသည်။
ထို့နောက် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို အရည် အသွေးအမှတ်ပေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က ခရာမှုတ်အချက် ပေးကာ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ပေး သည်။
ကြည့်ရှုအားပေး
 
 
ထို့နောက် ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အသင်းအသီးသီးသည် သတ်မှတ်ထားသည့် အချိန်တစ်နာရီ အတွင်း အားကြိုးမာန်တက် ထမနဲထိုး ယှဉ်ပြိုင်ကြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်း အောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးကြပြီး ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများက လည်း ဌာနအလိုက် အိုးစည်ဒိုးပတ်ဝိုင်း များဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
 
 
ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ကြီးဌာန အချင်းချင်း ခင်မင်မှုတိုးပွားစေရန်၊ စုစု စည်းစည်း လုပ်ဆောင်တတ်စေရန်၊ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ကာလဒေသနှင့် ကိုက်ညီစွာဖြင့် စုပေါင်းအင်အားကို ပြသနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
 
 
ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် အသင်းများက ပေးပို့လာသည့် ထမနဲ များကို လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီက မှတ်တမ်းတင်ကာ ပြိုင်ပွဲဝင် Code နံပါတ်များ သတ်မှတ် ၍ အရည်အသွေးအမှတ်ပေး ဆပ်ကော်မတီထံ ပေးပို့သည်။
 
 
အမှတ်ပေးဆောင်ရွက်
 
ထို့နောက် လှုပ်ရှားမှုနှင့် အချိန် အမှတ်ပေးဆပ်ကော်မတီနှင့် အရည် အသွေးအမှတ်ပေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက အမှတ်ပေးခြင်းနှင့် အမှတ်ရေတွက်ခြင်းတို့ကို ဆောင်ရွက် ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်ဝန်ကြီး ဌာန ၂၂ သင်းအနက်မှ နှစ်သိမ့်ဆု ရရှိသည့် ဝန်ကြီးဌာန ၁၉ ခုမှ အသင်း များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ ဒေါက်တာ ရဲမြင့်ဆွေ၊ ဒေါက်တာ မြလေးစိန်၊ ဦးဗရတ်ဆင်းနှင့် ဦးစိုးအောင်တို့က ဆုငွေကျပ် သုံးသိန်းစီ ပေးအပ်ချီးမြှင့် သည်။
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ် ဦးတို့က မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တေးသံရှင်များအား ဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့် သည်။
 
 
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က တတိယ ဆုရရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသင်းအား ဆုငွေကျပ် ခုနစ်သိန်းနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က ဒုတိယဆု ရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အသင်းအား ဆုငွေ ကျပ် ဆယ်သိန်းနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
 
 
တံခွန်စိုက်ဆုဖလားချီးမြှင့်
 
ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အသင်းအား ဆုငွေကျပ် တစ်ဆယ့်ငါးသိန်းနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ် ချီးမြှင့်သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများသည် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ဝန်ကြီးဌာန အသင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
 
 
သီဆိုဖျော်ဖြေ
 
ဒုတိယအကြိမ် ဝန်ကြီးဌာန ပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ အဖွဲ့၊ နိုင်ငံကျော်တေးသံရှင်များနှင့် ငြိမ်းချမ်းရေးဂီတပွဲတော်မှ ဆုရ အဆိုရှင်များက သီဆိုဖျော်ဖြေကြ သည်။
 
 
ထမနဲပွဲသည် မြန်မာတို့၏ စည်းလုံးညီညွတ်မှုကိုပြသသည့် ရာသီ ပွဲတော်တစ်ခုဖြစ်ပြီး ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့် တပို့တွဲလတွင် ကျင်းပလေ့ရှိသည်။ မြန်မာတို့၏ စည်းလုံးညီညွတ်မှုနှင့် စေတနာ၊ သဒ္ဓါတရားထက်သန်မှုကို တွေ့မြင်နိုင် ပြီး မိသားစုအလိုက်၊ ရပ်ကွက်ကျေးရွာ အလိုက်၊ ဘာသာရေးအသင်းအဖွဲ့များ အလိုက်၊ ရုံးဌာနများအလိုက် စုပေါင်း ထမနဲထိုးပွဲများ ကျင်းပပြုလုပ်ကြ သည်။
 
သတင်းစဉ်