ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့၏ အမြင်၊ အတွေးအခေါ်များကို အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆွေးနွေးရမည့် ခေါင်းစဉ်အလိုက် အချိတ်အဆက်မိမိဖြင့် ဆွေးနွေး

 

 

နေပြည်တော်  ဇန်နဝါရီ   ၁၇
ဖွံ့ဖြိုးတိုးတက်မှုအလားအလာကောင်းတစ်ရပ်၏ ပြယုဂ်- ခေါင်းဆောင် မှုအရင်းအမြစ်   တည်ဆောက်ခြင်းဆိုင်ရာ   ဒုတိယအကြိမ်အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စု ရာထူးဝန်အဖွဲ့  ရုံးအမှတ် (၁၇)  စုပေါင်းခန်းမ၌   ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။ 
အချိတ်အဆက်မိမိဖြင့်ဆွေးနွေး
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ပထမ အကြိမ် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ကို အခြေခံ၍ တွေးခေါ်မှုများ၊ လေ့လာနိုင်သည့် စွမ်းအားများအပေါ်မူတည်၍ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် တွေ့ရှိချက်၊ အကြံပြုချက်များ အ‌ပေါ်မူတည်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်း များအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဆုချီးမြှင့်မှု များ  ပြုလုပ်ခဲ့ပါကြောင်း၊  ထိုအစဉ်အလာကောင်းကို   ဆက်လက် ထိန်းသိမ်း၍ ပိုမိုကောင်းမွန်အောင် ဆွေးနွေးကြရန် တိုက်တွန်းလိုပါ ကြောင်း၊ လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းပေါင်းစပ်မှု များ ရှိမှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့်  ယခုဒုတိယအကြိမ် အလုပ် ရုံ ဆွေးနွေးပွဲတွင်  မိမိတို့၏ အမြင်၊ အတွေးအခေါ်များကို အတွေ့ အကြုံများနှင့်ပေါင်းစပ်ပြီး ဆွေးနွေးရမည့် ခေါင်းစဉ်အလိုက် အချိတ် အဆက်မိမိဖြင့် ဆွေးနွေးရန် လိုအပ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှ သည် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေ မည်ဖြစ်ရာ လုပ်ငန်းခွင်အောင်မြင်မှုကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း။
ဝန်ထမ်းများ၏ တစ်ဦးချင်းကြိုးစားအားထုတ်မှုမှသည် ဌာန၊  အဖွဲ့ အစည်း၏ လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးနှင့် တိုးတက်ပြောင်း လဲလာသည့် ခေတ်စနစ်နှင့်အညီ  အကောင်းဆုံးလိုက်ပါဆောင်ရွက် နိုင်ရေး ကြိုးပမ်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယခုကျင်းပသည့်   ဒုတိယအကြိမ်အလုပ်ရုံ    ဆွေးနွေးပွဲသည် အဖွဲ့လိုက် ဆောင်ရွက်နိုင်စွမ်းမြှင့်တင်ရေးနှင့် အသင်းအဖွဲ့စိတ်ဓာတ် ခိုင်မာအားကောင်းစေရေး   ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး   အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် “အဖွဲ့လိုက်အရွေ့” ခေါင်းစဉ်နှင့် “အဖွဲ့အစည်း အတွင်းအဖွဲ့လိုက် ဆက်သွယ်ဆောင်ရွက်မှုများ” ခေါင်းစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ 
အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့တွင် “လုပ်ငန်းခွင်အတွင်းအငြင်းပွား မှုနှင့်  စေ့စပ်ဆွေးနွေးခြင်း”  ခေါင်းစဉ်နှင့်  “အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု” ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ပြုလုပ် သွားမည်ဖြစ်ပြီး  အလုပ်ရုံဆွေးနွေးပွဲတတိယနေ့တွင်   ပထမနေ့နှင့် ဒုတိယနေ့များတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်အလိုက်စုဖွဲ့၍ ဆွေးနွေး ခြင်း၊ ယင်းဆွေးနွေးမှု ရလဒ်များကို ပြန်လည်တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ ပြီး ဆွေးနွေးတင်ပြခဲ့သည့်အပေါ် တစ်ဦးချင်းအလိုက်၊  အုပ်စုအလိုက် ဆုချီးမြှင့်ပေးအပ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ 
အလုပ်ရုံ ဆွေးနွေးပွဲကာလမှာ  ဇန်နဝါရီ  ၁၇  ရက်မှ  ဇန်နဝါရီ  ၁၉  ရက်အထိဖြစ်ပြီး  အရာထမ်း၊  အမှုထမ်း  ၆၆    ဦးတို့က  သတ်မှတ် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်