ဒုတိယ၀န်ကြီး ဦးရဲတင့်  ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

ခန္တီး   ဧပြီ   ၇


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး  ဦးရဲတင့်သည်   ဧပြီ  ၆ ရက်    နံနက်ပိုင်းက      ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး(ယာပုံ)၌ အခြေချ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေး မှူးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ    အတွင်းရေးမှူးတို့နှင့် တွေ့ဆုံ၍    နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် မိမိတို့ပြန်ကြားရေး ဝန်ကြီးဌာန    ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ညှိနှိုင်းမှာကြားပြီး       ဒေသခံ တိုင်းရင်းသား     ပြည်သူများနှင့် တပ်မတော်မိသားစုများ ရုပ်မြင် သံကြား    ထပ်ဆင့်ထုတ်လွှင့်မှု အစီအစဉ်များကို ဖမ်းယူကြည့်ရှု နိုင်ရန်အတွက်        ပြန်ကြားရေး ဝန်ကြီးဌာနက            လှူဒါန်း သော   DVB T2   Set   top  box အလုံး     ၃၀၀   ကို   ပေးအပ်ရာ စစ်ဗျူဟာမှူးနှင့်     တာဝန်ရှိသူ များက လက်ခံရယူသည်။

 


တွေ့ဆုံ


မွန်းလွဲပိုင်းတွင်    ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး၌  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဟုမ္မလင်း၊ လဟယ်၊ လေရှီး၊    နန်းယွန်းမြို့နယ်တို့မှ ဦးစီးမှူးများ၊ ဆွမ္မရာ၊ ပန်ဆောင်၊ ထန်ပါခွေ၊ မိုဝိုင်းလွတ်၊ ဒုံဟီးမြို့မှ ဒုတိယဦးစီးမှူးများ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ခန္တီးထပ်ဆင့် လွှင့်စက်ရုံမှ ဇုန်နယ်ခွဲမှူးတို့အား တွေ့ဆုံသည်။

 


ကြည့်ရှုစစ်ဆေး


ယနေ့ နံနက်ပိုင်းတွင် ခန္တီးမြို့ ရုပ်မြင်သံကြား    ထပ်ဆင့်လွှင့် စက်ရုံကို       ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်  တွေ့ဆုံ၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်း များအား       တွေ့ဆုံအားပေး နှုတ်ဆက်သည်။   ထို့နောက်  ခရိုင်   ပြည်သူ့စာကြည့်တိုက်၌ ပြန်ကြား ရေး၊ အသိပညာပေးရေးဝန်ဆောင် မှု လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ပူးပေါင်းဆောင်ရွက်


ဒုတိယဝန်ကြီးက    ဝန်ထမ်း များနှင့်    တွေ့ဆုံစဉ်    ဤဒေသ သည် အလှမ်းကွာဝေးသော ဒေသ ဖြစ်၍   ဌာနဆိုင်ရာအကြီးအကဲ များ အရောက်အပေါက်နည်းသော် လည်း     မိမိတို့အသိစိတ်ဖြင့်   ဒေသခံ တိုင်းရင်းသားပြည်သူများ အတွက်   လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ကြရန်၊ အများစုမှာ ဒေသခံတိုင်းရင်းသား များဖြစ်သဖြင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဌာနဆိုင်ရာများ နှင့်    ပူးပေါင်း၍   ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေး ကြရန်၊  ကျောင်းသား/ကျောင်းသူ များနှင့်  လူငယ်များ စိတ်ဓာတ် ကောင်းမွန်ရေးနှင့် အတွေးအခေါ် မှန်ကန်စေရေးအတွက်    အသိ ပညာပေးလုပ်ငန်းများကို သက် ဆိုင်ရာဌာနများနှင့်    ပူးပေါင်း ဆောင်ရွက်ကြရန်    မှာကြားပြီး ဝန်ထမ်းများ၏       တင်ပြချက် များကို         ပြန်လည်ရှင်းလင်း ဆွေးနွေးကာ   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း      ဆောင်ရွက် ပေးခဲ့သည်။ 


သတင်းစဉ်