ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား ကျောင်းသူများ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၆


မြန်မာနိုင်ငံက     အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့်      ဒသမအကြိမ် မြောက်       အာဆီယံဉာဏ်စမ်း ပဟေဠိ- ဒေသတွင်းအဆင့်  (10th  ASEAN Quiz - Regional Level) ပြိုင်ပွဲသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံကိုယ်စားပြု ဝင်ရောက်  ယှဉ်ပြိုင်ကြသည့်  ကျောင်းသား ကျောင်းသူများနှင့်   အုပ်ချုပ်သူ များသည်        ယနေ့နံနက်ပိုင်း တွင်       ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ  ပြန်လည်ထွက်ခွာသွား ခဲ့ကြရာ ပြန်ကြားရေးဝန်ကြီးဌာန  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  တာဝန်ရှိသူများက      ပို့ဆောင် နှုတ်ဆက်ကြသည်။

 


ဒသမအကြိမ်မြောက်  အာဆီ ယံဉာဏ်စမ်းပဟေဠိ      ပြိုင်ပွဲ-  ဒေသတွင်းအဆင့်    (10th   ASEAN  Quiz - Regional Level) ကို  ဒီဇင် ဘာ ၁၄ ရက်တွင်  နေပြည်တော် ရှိ     မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပ ခဲ့သည်။ 
အာဆီယံ    ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်)  တွင် အာဆီယံနိုင်ငံရေးနှင့်     လုံခြုံရေး အသိုက်အဝန်း၊  အာဆီယံစီပွားရေး အသိုက်အဝန်း၊  အာဆီယံလူမှုရေး နှင့် ယဉ်ကျေးမှု  အသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာ အထွေထွေ  ဗဟုသုတများကို      Multiple Choice , Fill in the Blank, True or False, Mixed Question ပွဲစဉ် လေးခုဖြင့်     အာဆီယံနိုင်ငံများမှ ကိုယ်စားပြု        ကျောင်းသား ကျောင်းသူများက  ယှဉ်ပြိုင်ခဲ့ကြ ရာ    ပထမဆုကို    မြန်မာနိုင်ငံ၊ ဒုတိယဆုကို        မလေးရှားနိုင်ငံ၊ တတိယဆုကို  လာအိုနိုင်ငံတို့က ရရှိကြသည်။

 


အဆိုပါ  အာဆီယံနိုင်ငံများမှ ကိုယ်စားပြု တက်ရောက်လာကြ သည့် ကျောင်းသား  ကျောင်းသူ များနှင့်          ကြီးကြပ်သူများ သည်    ဒီဇင်ဘာ  ၁၄  ရက်တွင် နေပြည်တော်ရှိ   ကျောက်မျက် ပြတိုက်နှင့်   အမျိုးသားပြတိုက် တို့ကို        သွားရောက်လေ့လာ ကြည့်ရှုကြပြီး ဒီဇင်ဘာ ၁၅ ရက် တွင်  ရန်ကုန်မြို့ရှိ  စိန်ဂျွန်း City Mall    နှင့်     ရန်ကုန်မြို့တွင်း လှည့်လည်ကြည့်ရှု      လေ့လာခဲ့ ကြကာ     ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်  ကြည်ညိုကြ သည်။

 


အဆိုပါပြိုင်ပွဲသို့        ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့်     အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ  နိုင်ငံကိုယ်စား ပြု ကျောင်းသား    ကျောင်းသူများ နှင့် အုပ်ချုပ်သူ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ    ကိုယ်စားလှယ် များသည် ယမန်နေ့နှင့် ယနေ့တွင် ရန်ကုန်        အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   သက်ဆိုင်ရာ   နိုင်ငံ အသီးသီးသို့      ပြန်လည်ထွက်ခွာ သွားကြသည်။ 

 


အာဆီယံ    ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို  ဒေသတွင်းလူငယ် များအကြား  ခိုင်မာအားကောင်း သည့်       ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူ        ပြုနိုင်စေရန် ၂၀၀၂   ခုနှစ်မှစတင်၍   အဖွဲ့ဝင် နိုင်ငံများ၏    သဘောတူညီချက် အရ နှစ်နှစ်တစ်ကြိမ်  အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။

 


ပထမအကြိမ်ပြိုင်ပွဲမှ  အဋ္ဌမ အကြိမ်အထိ      လက်ခံကျင်းပခဲ့ သည့် အိမ်ရှင်နိုင်ငံများက အာဆီယံ ဒေသတွင်းရှိ  ကျောင်းသားလူငယ် များကို         လူကိုယ်တိုင်ပါဝင် တက်ရောက်ရန်  ဖိတ်ကြားခဲ့ကြ ပြီး in person event အဖြစ်သာ ကျင်းပခဲ့ပြီး ၂၀၂၀  ပြည့်နှစ်တွင် စင်ကာပူနိုင်ငံက     အိမ်ရှင်အဖြစ် လက်ခံကျင်းပ             ပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက်   အာဆီယံ ဒေသတွင်းအဆင့်         ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကမ္ဘာတစ်ဝန်းလုံးတွင်   ဖြစ်ပွားမှု အခြေအနေများကြောင့်  လူကိုယ် တိုင်တက်ရောက်သည့် Physical Eventအဖြစ်     ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ Online Event အဖြစ်သာ စီစဉ်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။

 


ယခုမြန်မာနိုင်ငံက  အိမ်ရှင် အဖြစ်  လက်ခံကျင်းပခွင့်ရချိန်တွင် ကိုဗစ်-၁၉        ကပ်ရောဂါဆိုင် ရာ  လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘောဒီးယား၊          အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနှင့်  ဗီယက်နမ် တို့က   လူကိုယ်တိုင်တက်ရောက် ပြီး    ဘရူနိုင်း၊     ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ Online ဖြင့် ပါဝင် ယှဉ်ပြိုင်သည့်   Hybrid  ပုံစံဖြင့် စနစ်တကျ       ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်