ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) အောင်မြင်စွာ ကျင်းပပြီးစီး

 

 

နေပြည်တော်   ဒီဇင်ဘာ  ၁၄


မြန်မာနိုင်ငံက      အိမ်ရှင်အဖြစ်  ကျင်းပသည့် ဒသမအကြိမ်မြောက်  အာဆီယံ         ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ- ဒေသတွင်းအဆင့်  (10th ASEAN Quiz - Regional Level)   ကို    ယနေ့တွင်    နေပြည်တော်ရှိ မြန်မာ           အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပ ရာ   ပထမဆုကို   မြန်မာနိုင်ငံ၊ ဒုတိယဆုကို     မလေးရှားနိုင်ငံ၊ တတိယဆုကို လာအိုနိုင်ငံတို့က ရရှိကြသည်။
အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို    ဒေသတွင်းလူငယ် များအကြား ခိုင်မာအားကောင်း သည့်            ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူ      ပြုနိုင်စေရန် ၂၀၀၂ ခုနှစ်မှစတင်၍  အဖွဲ့ဝင်နိုင်ငံ များ၏    သဘောတူညီချက်အရ နှစ်နှစ်တစ်ကြိမ်       အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။

 


အိမ်ရှင်အဖြစ်လက်ခံကျင်းပ


၂၀၀၂   ခုနှစ်တွင်   ထိုင်းနိုင်ငံ၊  ၂၀၀၄   ခုနှစ်တွင်   ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉  ခုနှစ်တွင်  ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ နှင့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူ နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့သည်။
ယခုနှစ်တွင်    မြန်မာနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပပြီး  အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု       ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်    သက် ဆိုင်ရာ   နိုင်ငံအလိုက်   အသက် ၁၅   နှစ်မှ    ၁၈   နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများကို  ခရိုင်အဆင့်၊   တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊     နိုင်ငံအဆင့် ပြိုင်ပွဲများ     အဆင့်ဆင့်ပြုလုပ်၍ နိုင်ငံအလိုက်    ပထမ၊    ဒုတိယ၊ တတိယ   သုံးဦးစီ  ရွေးချယ်ကာ အာဆီယံ        ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ-     ဒေသတွင်းအဆင့်တွင်   ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။

 


တက်ရောက်


အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်      ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး      စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့် ဦးကိုကိုလှိုင်၊ ဦးမောင်မောင် အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊        ဒေါက်တာ သက်ခိုင်ဝင်း၊      ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီးများ၊  ဌာနဆိုင်ရာ  အကြီး အကဲများ၊      အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားပြုယှဉ်ပြိုင် ကြမည့် ကျောင်းသား၊ ကျောင်းသူ များ၊ ကြီးကြပ်သူများ၊ သင်တန်း နည်းပြများ၊    ဒိုင်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်ရှိ ကျောင်း များမှ  ကျောင်းသားကျောင်းသူ များနှင့်    ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး    ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့်       ထိုင်းနိုင်ငံတို့မှ ကိုယ်စားပြု       ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများက online ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ  ASEAN  Anthem သီချင်းဖြင့် အခမ်းအနားကို စတင် ဖွင့်လှစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်း သူများက  “ Welcome to the 10th  ASEAN Quiz ” တေးသီချင်း ဖြင့်   ကပြဖျော်ဖြေတင်ဆက်ကြ သည်။ 

 


နိုင်ငံအလိုက်နှုတ်ဆက်


ထို့နောက်   ပြိုင်ပွဲတွင်  ပါဝင် ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားပြု ကျောင်း သား၊ ကျောင်းသူများနှင့် ကြီးကြပ် သူများက နိုင်ငံအလိုက် နှုတ်ဆက် ကြသည်။
ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်     ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး    စိုးထွဋ်က   ဒသမအကြိမ် မြောက်       အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို စက်ခလုတ်နှိပ် ၍ ဖွင့်လှစ်ပေးသည်။ 

 


နှစ်နှစ်တစ်ကြိမ်ကျင်းပ


ထို့နောက်     ပြန်ကြားရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက       အဖွင့် အမှာစကား     ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဒသမအကြိမ် မြောက်     အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို   မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရသည့်အတွက်   များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊       ယခု ကျင်းပသည့် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ       စီမံကိန်းသည် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြား ရေးကော်မတီ၏ ဦးစားပေးအစီ အစဉ်များထဲမှ တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ စတင်ကာ နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဤစီမံကိန်း သည်     အာဆီယံပြန်ကြားရေး ဆပ်ကော်မတီ၏  အရေးပါသည့် အစိတ်အပိုင်း  တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။ 
ASEAN  Quiz   ပြိုင်ပွဲသည် အာဆီယံ၏ အသိအမြင်မြှင့်တင် ရေးကို   ထင်ဟပ်စေသည့်အပြင် အာဆီယံလူငယ်များ၏ ချစ်ကြည် ရင်းနှီးမှု      တိုးပွားလာစေရန်နှင့် အာဆီယံကို    ပိုမိုလေးနက်သည့် နားလည်      သဘောပေါက်မှုနှင့် တန်ဖိုးထားမှုများကို ရရှိစေမည့် အခွင့်အလမ်းများကို ဖော်ဆောင် ပေးနေသည့်        စီမံကိန်းတစ်ခု ဖြစ်သည်ဟု     ပြောကြားလိုပါ  ကြောင်း။

 


ဗဟုသုတများ မြှင့်တင်ပေးရန်


ယခုကျင်းပသည့်    ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူငယ် မျိုးဆက်သစ်များ        အနေဖြင့် အာဆီယံအကြောင်း         ပိုမိုသိရှိ နားလည်စေရန်နှင့်      အာဆီယံ ဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေး မှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု ရေးဆိုင်ရာ အသိပညာဗဟုသုတ များ မြှင့်တင်ပေးနိုင်ရန်ပင် ဖြစ်ပါ ကြောင်း။
ASEAN  Quiz  ၏  ရည်ရွယ် ချက်မှာ      အာဆီယံလူငယ်များ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များ ကို ဖော်ထုတ်ပေးနိုင်ရန်၊ ဒေသ တွင်း   ငြိမ်းချမ်းရေး၊     စည်းလုံး ညီညွတ်ရေးနှင့် သာယာဝပြောရေး ကိုထိန်းသိမ်းပြီး ပိုမိုအောင်မြင်မှု ရရှိစေရန်၊ အာဆီယံ၏ မျှော်မှန်း ချက်၊ အခန်းကဏ္ဍများနှင့် တာဝန် များကို နားလည်သဘောပေါက် စေရန်၊    အသိပညာ    ဗဟုသုတ မြှင့်တင်ပေးနိုင်ရန်၊     ချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံ   ပြည်သူလူထုအကြား အသိပညာပေးနိုင်ရန်     အဓိက ဖြစ်ပါကြောင်း။

 


လူကိုယ်တိုင်တက်ရန်ဖိတ်ကြား


ပထမအကြိမ်ပြိုင်ပွဲမှ  အဋ္ဌမ အကြိမ်အထိ     လက်ခံကျင်းပခဲ့ သည့် အိမ်ရှင်နိုင်ငံများက အာဆီယံ ဒေသတွင်းရှိ ကျောင်းသားလူငယ် များကို လူကိုယ်တိုင် ပါဝင်တက် ရောက်ရန်     ဖိတ်ကြားခဲ့ကြပြီး in   person   event    အဖြစ်သာ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပချိန်၌     ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်     အွန်လိုင်း ပြိုင်ပွဲအဖြစ် ပြောင်းလဲဆောင်ရွက် ခဲ့ရပါကြောင်း၊ ယခုမြန်မာနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရချိန်တွင်  ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ      လမ်းညွှန်ချက်များနှင့် အညီ    Hybrid   ပုံစံဖြင့်   စနစ် တကျ  ကျင်းပသွားမည်   ဖြစ်ပါ ကြောင်း။

 


ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်း
Online ဖြင့် ယှဉ်ပြိုင်


ယခုပြိုင်ပွဲတွင်     ကမ္ဘောဒီး ယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေး ရှားနှင့်      ဗီယက်နမ်နိုင်ငံတို့က in  person  အဖြစ်  ယှဉ်ပြိုင်ကြ မည်ဖြစ်ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က   Online     ဖြင့်  ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါ ကြောင်း။
ယခုကဲ့သို့      ASEAN      Quiz ဒေသတွင်းအဆင့်ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် နိုင်ငံ များအနေဖြင့်  Theme  တစ်ခုကို လည်း     ရွေးချယ်ဆောင်ရွက်ကြ ရပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက “ASEAN:   A   Community    of Peace, Prosperity and Sustai-nability”         (အာဆီယံသည် ငြိမ်းချမ်းမှု၊   သာယာဝပြောမှုနှင့် ရေရှည်တည်တံ့   ခိုင်မြဲမှုရှိသည့်  အသိုက်အဝန်း တစ်ခုဖြစ်သည်) ဆိုသည့်  Theme  ကို ရွေးချယ် အတည်ပြုထားပါကြောင်း။

 


အာဆီယံနိုင်ငံများမှ  ခေါင်း ဆောင်များ လက်မှတ်ရေးထိုးထား ပြီး     အာဆီယံပဋိညာဉ်စာတမ်း တွင် ပါရှိသည့် ရည်ရွယ်ချက်များ၊ အာဆီယံ   ဆောင်ပုဒ်ဖြစ်သည့် “တစ်ခုတည်းသော အမြင်၊ တစ်ခု တည်းသော     သွင်ပြင်လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း” ဆိုသည့်          ဆောင်ပုဒ်များကို ထင်ဟပ်ပေါ်လွင်စေရန်  Theme  ကို စီစဉ်ရွေးချယ်ထားခြင်းဖြစ်ပြီး  ဒေသတွင်းအဆင့် ASEAN Quiz ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း   ပြော ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ     အနု ပညာရှင်များက    “ပြည်ထောင်စု ၏ ထာဝရအလှများ” တေးသီချင်း ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြ သည်။

 


အမှတ်တရလက်ဆောင်ပေး


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်      ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်က အကဲဖြတ်ဒိုင်များ၊ ကမ္ဘောဒီးယား၊   အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့မှ  ကြီးကြပ်သူနှင့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး     ဦးမောင် မောင်အုန်း က မလေးရှား၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကြီးကြပ် သူနှင့်    ပြိုင်ပွဲဝင်များ၊    အာဆီယံ အထွေထွေ  အတွင်းရေးမှူးချုပ် ရုံးမှ  အကြီးတန်းအရာရှိတို့အား  အမှတ်တရ     လက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 


ကပြဖျော်ဖြေတင်ဆက်


ယင်းနောက်    အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပ ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ    ဝန်ထမ်းများက    “မင်္ဂလာပါ အာဆီယံ” တေးသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက်       ဒသမအကြိမ် မြောက်       အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ-ဒေသတွင်း အဆင့်    စတင်ရန်     အာဆီယံနိုင်ငံများမှ ကိုယ်စားပြု        ကျောင်းသား ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ သည်       သတ်မှတ်နေရာများ၌  အသီးသီးနေရာယူကြပြီး      အကဲ ဖြတ်ဒိုင် ဒေါ်ဌေးဌေးဆွေက အမှတ် ပေးပုံနှင့်      ရွေးချယ်မည့်ပုံစံကို ရှင်းလင်းတင်ပြကာ       ပြိုင်ပွဲကို စတင်သည်။

 


ကျောင်းသား/သူများ ယှဉ်ပြိုင်


အာဆီယံ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ    (ဒေသတွင်းအဆင့်)  တွင် အာဆီယံနိုင်ငံရေးနှင့်    လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှုရေး နှင့် ယဉ်ကျေးမှု အသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာ အထွေထွေ ဗဟုသုတများကို            Multiple Choice , Fill in the Blank, True or False, Mixed Question ပွဲစဉ် လေးခုဖြင့်    အာဆီယံနိုင်ငံများမှ ကိုယ်စားပြု       ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြ သည်။
ယင်းနောက် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ ဝန်ထမ်းများက  “We are One” တေးသီချင်းဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ     အနု ပညာရှင်များက  “ထာဝရမြန်မာ” တေးသီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေကြပြီး  ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက  ဖျော်ဖြေပေးသည့် အနုပညာရှင် များအား     လက်ဆောင်ပန်းခြင်း  ပေးအပ်သည်။ 

 


ဆုများပေးအပ်ချီးမြှင့်


ထို့နောက်      ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က တတိယဆုရရှိသည့် လာအို နိုင်ငံမှ   ကြီးကြပ်သူနှင့်   ကျောင်း သား ကျောင်းသူများအား လည်း ကောင်း၊     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒုတိယဆုရရှိသည့်  မလေးရှားနိုင်ငံမှ ကြီးကြပ်သူနှင့်  ကျောင်းသား ကျောင်းသူများအား လည်းကောင်း၊    ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့်   မြန်မာနိုင်ငံမှ ကြီးကြပ်သူနှင့်     ကျောင်းသား ကျောင်းသူများအား        လည်း ကောင်း  ဆုများ  ပေးအပ်ချီးမြှင့် ကြပြီး     ဆုရရှိသူများနှင့်    အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ 
မွန်းလွဲပိုင်းတွင်    အာဆီယံ နိုင်ငံများမှ    ကိုယ်စားပြု  တက် ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့်    ကြီးကြပ်သူ များသည်         နေပြည်တော်ရှိ  ကျောက်မျက်ပြတိုက်နှင့်  အမျိုး သားပြတိုက်တို့ကို   သွားရောက် လေ့လာကြည့်ရှုကြသည်။
ညနေပိုင်းတွင်     အာဆီယံ ဉာဏ်စမ်းပဟေဠိ     (ဒေသတွင်း အဆင့်)   ပြိုင်ပွဲ   အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို Park Royal ဟိုတယ်၌ကျင်းပရာ   ရှေးဦးစွာ   အာဆီယံအဖွဲ့ဝင်      နိုင်ငံများမှ ကျောင်းသား ကျောင်းသူများက သက်ဆိုင်ရာနိုင်ငံအလိုက်   တေး သီချင်းများ ပျော်ရွှင်စွာသီဆိုကြ သည်။   ထို့ပြင်  လာအို၊   ကမ္ဘော ဒီးယား၊  ဗီယက်နမ်၊  မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ      ကျောင်း သား    ကျောင်းသူများက   သက် ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအက၊ တေးသီချင်းများဖြင့် ပျော်ရွှင်စွာ စုဖွဲ့သီဆိုကြသည်။ 

 


အသိအမှတ်ပြုလက်မှတ်ပေး


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံ နိုင်ငံများမှ     ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား ကျေးဇူးတင် စကားပြောကြားပြီး     ပြိုင်ပွဲဝင် ၁၈ ဦးအား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းအတွက် အသိအမှတ် ပြု  လက်မှတ်များ   တစ်ဦးချင်းစီ ပေးအပ်သည်။ 
 ညစာဖြင့် တည်ခင်းဧည့်ခံစဉ်  မြန်မာ့အသံနှင့်   ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့က တေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ကြပြီး     တက်ရောက်လာကြသူ များကလည်း တေးသီချင်းများဖြင့် ပျော်ရွှင်စွာ ပါဝင်သီဆိုကြသည်။ 
ထို့နောက်      ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်း၏ ဇနီး ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲဝင် များအား  ဒေသထွက်မြန်မာ့ရိုးရာ     စားသောက်ကုန်   ပစ္စည်းများကို    တစ်ဦးချင်းစီ    ကံစမ်းမဲဖောက်၍   လက်ဆောင် ပေးအပ်ခဲ့သည်။         
သတင်းစဉ်