ဒဏ်ရာကြောင့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးခံစစ်ကစားသမား မီလီတာအို လွဲချော်ဖွယ်ရှိ

 

ရီးရဲမက်ဒရစ်အသင်းမှ ဘရာဇီး ခံစစ်ကစားသမား အက်ဒါမီလီ တာအိုသည် ဧပြီ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သော အလာဗက်စ်နှင့်ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သောကြောင့် လာမည့်ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း စပိန်အခြေစိုက် သတင်းအရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

 

မီလီတာအိုသည် ဒဏ်ရာကြောင့် လေးလခန့်ကြာ အနားယူရဖွယ်ရှိနေပြီး ၂၀၂၆-၂၀၂၇ ရာသီအစပိုင်း ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များတွင်သာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ၂၀၂၂ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ပွဲဦးထွက်ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော မီလီတာအိုသည် မကြာမီကျင်းပတော့မည့် ၎င်း၏ဒုတိယမြောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေခြင်း ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် မီလီတာအိုသည် ပြီးခဲ့သည့် သုံးနှစ်တာ ကာလတွင်လည်း ထိခိုက်ဒဏ်ရာများဖြင့် ရုန်းကန်ခဲ့ရသူ ဖြစ်သည်။

 

မိုးဇက် - စုစည်းရေးသားသည်