ဒလမြို့နယ်တွင် တတိယမြောက်ဘာသာရပ်အား အေးချမ်းစွာဖြေဆို

 

ရန်ကုန်    ဧပြီ    ၂


၂၀၂၂  ခုနှစ်     တက္ကသိုလ်ဝင် စာမေးပွဲကို  မတ် ၃၁ ရက်မှစ၍ မြန်မာတစ်နိုင်လုံးတွင်    ကျင်းပ လျက်ရှိရာ ဧပြီ ၂ ရက်က စာဖြေ ရက်၏ တတိယမြောက်နေ့အဖြစ် သင်္ချာဘာသာရပ်ကို  ဒလမြို့နယ် မှ ကျောင်းသား ကျောင်းသူလေး များ   အေးချမ်းစွာ   ဖြေဆိုခဲ့ကြ သည်။

 


    ဒလမြို့နယ်တွင် စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားပြီး ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ
ပေါင်း ၈၅၄ ဦးတွင်   တတိယ မြောက်ဘာသာရပ်ကို  ၇၄၉ ဦး ဝင်ရောက်        ဖြေဆိုခဲ့ကြသည့် အတွက်  ဖြေဆိုမှုရာခိုင်နှုန်း  ၈၇ ဒသမ ၇၀ ရှိကြောင်း သိရသည်။


  မောင်ယဉ်ဦး