ဒလမြို့နယ်၌ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခွင့်မပြုစေရေး ထုတ်ပြန်ကြေညာ

 

ရန်ကုန်   နိုဝင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ မော်တော်ဆိုင်ကယ်တစ်စီး လျှင် လူတစ်ဦးထက်   ပိုမိုစီးနင်းကြောင်း   စစ်ဆေးတွေ့ရှိပါက ပညာပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

 


ဒလမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုများအတွင်း ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်း မပြုရေး     အသိပေးကြေညာသွားရန်နှင့် ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းကြောင်း စစ်ဆေးတွေ့ရှိပါက  ပညာပေး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များက    အသိပေးကြေညာလျက်ရှိသည်။

 


ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း (ဒလ နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များမှအပ) ကျန်မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းခွင့်မပြုကြောင်း   အမိန့်ကို    အများပြည်သူ သိရှိ စေရေးအကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ယခုအခါ အကြမ်း ဖက်သမားများသည်  ဆိုင်ကယ်အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်မှု များကို ပြုလုပ်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက  အမိန့်အမှတ်(၁/၂၀၂၁) အရ ဆိုင်ကယ်မစီးရ  အမိန့်ထုတ်ပြန်ထားသော မြို့နယ်များတွင် ဆိုင်ကယ် စီးနင်းမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်၊ ကျန်အခြား မြို့နယ်များတွင် ဆိုင်ကယ်စီးနင်းပါက  တစ်စီးလျှင်    တစ်ဦးထက်ပိုမို စီးနင်းခြင်းမပြုရေး အသိပေးအကြောင်းကြားသွားရန်နှင့်စစ်ဆေးတွေ့ရှိပါက မြို့နယ်အဆင့် စစ်ဆေးအရေးယူရေး ဆပ်ကော်မတီက     ပညာပေးအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ချက်အရ သိရသည်။            

             

နိုင်လင်းကျော်(ပြန်/ဆက်)