
ရန်ကုန် သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အဝေးပြေးကားဝင်း၌ ဧရာဝတီ တိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေး နေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော ယာဉ်လိုင်း များအနေဖြင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ယာဉ်လိုင်းများ ပုံမှန် ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိကြောင်း ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
နေ့စဉ်ပုံမှန်ပြေးဆွဲ
ထိုသို့ ပြေးဆွဲပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး အခြေပြု ပြေးဆွဲပေးနေသော (ဒေးဒရဲ-ဒလ) ရွှေမြန်မာ ယာဉ်လိုင်း၊ (မအူပင်-ဒလ) ယာဉ်လိုင်းများ ဖြစ်သည့် ပန်းရိုးမ၊ ကောင်းထက် သူ/ရွှေလမင်း၊ တိုးဧရာ၊ မြစ်ဧရာ ကျော်နှင့် (ဖျာပုံ-ဒလ) ယာဉ်လိုင်း များဖြစ်သည့် ရာသက်ပန်၊ အောင်စစ်သည် စသည့်အဝေးပြေး ယာဉ်လိုင်း ခုနစ်လိုင်းအနေဖြင့် နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအခြေပြု၍ ပြေးဆွဲပေးနေသော ယာဉ်လိုင်း များအနေဖြင့် ထက်အောင်ကျော် (ဒလ-ဖျာပုံ) ခရီးစဉ်၊ ပိုင်ဧရာ (ဒလ-ကျိုက်လတ်) ခရီးစဉ်၊ ရွှေသူဌေး (ဒလ-ဖျာပုံ) ခရီးစဉ်၊ ထာဝရ (ဒလ-ဖျာပုံ) ခရီးစဉ်၊ ရွှေခြံသား (ဒလ-ဖျာပုံ) ခရီးစဉ် စသည့် ယာဉ်လိုင်း ငါးလိုင်းမှာ ခရီးသည်များ သွားလာရေး အဆင်ပြေစေရေးအတွက် နေ့စဉ် ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက် ရှိကြောင်းသိရသည်။
ထို့အတူ ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း မြို့နယ် များနှင့် လှိုင်သာယာ မြို့နယ်တို့သို့ ပြေးဆွဲပေးနေသော YBS 47 (တွံတေး-လှိုင်သာယာ)၊ YBS 48 (တွံတေး-ဒလ)၊ YBS 49 (ကွမ်းခြံ ကုန်း-လှိုင်သာယာ)၊ YBS 50 (ကွမ်းခြံကုန်း-ဒလ) ယာဉ်များ အနေဖြင့် နေ့စဉ် ကားလေးအစီး ရေ ၁၂၀ ကျော်၊ မိုက်ခရို ဘတ်စ်ကား အစီးရေ ၁၂ စီးခန့် နေ့စဉ် ပြေးဆွဲပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေ သော ကာလမှစတင်၍ ကား တစ်စီးလျှင် ခရီးသည် ငါးဦးနှုန်း ဖြင့် နေ့စဉ်ခရီးသည် ၆၀၀ ကျော် ခန့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိ ကြောင်း (YRTC) ဒလမြို့နယ် ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီးအခြေပြု ပြေးဆွဲ နေသော ယာဉ်လိုင်းများအနေဖြင့် တစ်ရက်ပျမ်းမျှ ခရီးသည် ၁၂၀ ကျော်နှင့် ရန်ကုန်တိုင်းအခြေပြု၍ ပြေးဆွဲပေးသော ယာဉ်လိုင်း များအနေဖြင့် ခရီးသည် ၆၀၀ ကျော် ပို့ဆောင်ပေးလျက်ရှိရာ ခရီးသည်များ အဆင်ပြေစေရေး အတွက် ယာဉ်များကို ပုံမှန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရ သည်။
ယာဉ်လိုင်းပေါင်း ၂၃ လိုင်းရှိ
ဒလမြို့နယ် အဝေးပြေး ကားဝင်း၌ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ် လိုင်းပေါင်း ၂၃ လိုင်းရှိပြီး ယာဉ် အစီးရေပေါင်း ၂၉၄ စီး ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)