ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွားများအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၇


နေပြည်တော်  ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွားများအတွက် အလှူ ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင်   အဆိုပါ  ဘိုးဘွားရိပ်သာရှိ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ရုံး၌ ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး   ဗိုလ်ချုပ် စောသန်းလှိုင်နှင့်  တာဝန်ရှိသူများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။


ဦးစွာ ကရုဏာကမ္ဘာ ဘိုးဘွား ရိပ်သာမှ  တာဝန်ရှိသူတစ်ဦးက စွန့်လွှတ်စွန့်စားသူတို့၏  ကွန်းခို ရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွား များအား ပြုစုစောင့်ရှောက်ပေးနေ မှုနှင့်  ပတ်သက်၍    ရှင်းလင်း ပြောကြားသည်။

  ထို့နောက် တိုင်းမှူးက  အဘိုး၊  အဘွားများ အတွက် အလှူငွေများ၊ တိုင်းရင်း ဆေးဝါးများနှင့် စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်းရာတာဝန် ရှိသူတစ်ဦးက  လက်ခံရယူသည်။ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဘိုး၊ အဘွား များ၏      ထမင်းစားဆောင်၊ အိပ်ဆောင်များ၊     ကျန်းမာရေး စောင့်ရှောက်  ပေးနေမှုများကို လှည့်လည်ကြည့်ရှုပြီး   လိုအပ် သည်များ     ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                    

သတင်းစဉ်