ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသမှု လုံလောက်စွာမရရှိဘဲ သေဆုံးဟု မဟုတ်မမှန်လုပ်ကြံရေးသား

 

နေပြည်တော်    မတ်   ၁၅
ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်း သား ဦးခင်စိုးသည် အကျဉ်းထောင်အတွင်း ဆေးကုသမှု လုံလောက်စွာ မရရှိဘဲ ဆီးချုပ်၊ ဝမ်းချုပ်ရောဂါဖြင့် သေဆုံးသွားကြောင်း RFA သတင်းဌာနက မတ် ၇ ရက်တွင် မဟုတ်မမှန် လုပ်ကြံရေးသား     ဖြန့်ဝေခဲ့သည်ကို     တွေ့ရ သည်။
ဖြစ်စဉ်အမှန်မှာ   အကျဉ်းသား  ဦးခင်စိုး သည် အကြမ်းဖက်သမားများမှန်းသိလျက်  သတင်းပေးပို့ရန် ပျက်ကွက်ခြင်းနှင့် အကြမ်း ဖက်သမားအား စပါးထောက်ပံ့ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသူ ဖြစ်ကြောင်း၊ ထိုအကျဉ်း သားသည်  အကျဉ်းထောင်သို့   ရောက်သည့် အချိန်မှစ၍ အထွေထွေ အားနည်းရောဂါနှင့် သွေးအားနည်းခြင်းရောဂါဖြင့် အကျဉ်းထောင် ဆေးရုံ၌ ၁၂ ကြိမ် ဆေးဝါးကုသမှု ခံယူခဲ့ ကြောင်း။
ထို့ပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် အကျဉ်းထောင်ဆေးရုံသို့ ဆေးခန်းလာပြသဖြင့် ဆေးရုံအုပ်က  စစ်ဆေးရာ သွေးအားနည်းရောဂါ အပြင် အစာအိမ်ရောဂါလက္ခဏာ ခံစားနေရ ကြောင်းတွေ့ရ၍ အနီးကပ်ကုသရန် အကျဉ်း ထောင်ဆေးရုံသို့        ပြောင်းရွှေ့ကုသစေခဲ့ ကြောင်း၊ အကျဉ်းသား၏ ပြောဆိုချက်အရ အကျဉ်းထောင်သို့မရောက်မီ    ပြင်ပတွင် နေထိုင်စဉ်က   အစာအိမ်ရောဂါ   ခံစားနေသူ ဖြစ်ကြောင်း သိရှိရ၍ အကျဉ်းထောင် ဆေးရုံ အုပ်က  နေ့စဉ်   ကျန်းမာရေး ကြည့်ရှုစစ်ဆေး ကုသခြင်းများ     ဆောင်ရွက်ပေးခဲ့ကြောင်း ဒိုက်ဦးအကျဉ်းထောင်တာဝန်ရှိသူထံမှ သိရ သည်။
သို့သော် ၂၀၂၄ ခုနှစ် မတ် ၆ ရက်တွင် ရောဂါသက်သာလာခြင်းမရှိ၍ အကျဉ်းထောင် ဆေးရုံအုပ်က တာဝန်ခံအရာရှိအား သတင်းပို့ ပြီး ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသ  ရန် ပို့ဆောင်စဉ်   လမ်းခရီး၌   သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊        အကျဉ်းထောင်ဥပဒေအရ နေမကောင်းသူကို       ဆေးကုသခွင့်ပေးရပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသပေးလျက်ရှိသည့်အတွက် RFA သတင်း ဌာန၏ဖော်ပြမှုသည် ပြည်သူလူထု ထင်ယောင် ထင်မှားဖြစ်စေရန် အဖျက်အမှောင့် ရည်ရွယ် ချက်ဖြင့် မဟုတ်မမှန်  လုပ်ကြံရေးသားထား ခြင်းသာ ဖြစ်သည်။                      လင်းလင်း